DVB Logo
Home
မြန်မာသတင်း
မိန်းကလေးတဦးအဖြစ် တဖန်မွေးဖွားခဲ့ပြီဖြစ်သည့် ဂေးအလှမယ် မျိုးကိုကိုစန်း (ရုပ်သံ)
DVB
·
September 1, 2017
မိန်းကလေးတဦးအဖြစ် တဖန်မွေးဖွားခဲ့ပြီဖြစ်သည့် ဂေးအလှမယ် မျိုးကိုကိုစန်း (ရုပ်သံ)
Donate to DVB

နာမည်ကြီး ဂေးအလှမယ်တဦးဖြစ်တဲ့ မျိုးကိုကိုစန်းဟာ ဒီနေ့မှာ ၂၃ နှစ်ပြည့်ခဲ့ပြီးဖြစ်သလို မိန်းမပျိုတဦးအဖြစ် ပြန်လည်မွေးဖွားခဲ့တဲ့နေ့လည်း ဖြစ်ခဲ့ပါတယ်။

သူဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ Kamol Cosmetic & Plastic Surgery ဆေးရုံမှာ ခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပြီး ဆေးရုံပေါ်ကနေ တိုက်ရိုက်စကားပြောရုပ်သံ ထုတ်လွှင့်ခဲ့ပါတယ်။

သူ့အနေနဲ့ ခွဲစိတ်ပြီးချိန်မှာ တလလောက် အနားယူရမှာဖြစ်တယ်လို့ ပြောပါတယ်။

သူ့ကိုချစ်ကြတဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေဟာ ဖေ့စ်ဘွတ်ခ်လိုက်ဖ်လွှင့်ချိန်မှာ မွေးနေ့ဆုတောင်းပေးကြတာတွေ၊ ကျန်းမာရေးအတွက် ဆုတောင်းစကား မေးမြန်းပြောဆိုခဲ့ကြတာတွေကို တွေ့ရပါတယ်။

ဒီတိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုဟာ လတ်တလော ပရိသတ်တွေကြားမှာ ပြောစရာတခု ဖြစ်နေခဲ့ပြီး စတင်ထုတ်လွှင့်ချိန်ကနေ နာရီပိုင်းအတွင်းမှာပဲ ဝင်ရောက်ကြည့်ရှုသူ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ရုပ်သံထုတ်လွှင့်ချက်ကိုတော့ https://www.facebook.com/lakalay/videos/vb.100001128656542/1506035726110701/?type=2&theater လင့်ခ်ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013