DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီနှင့် ဧရာဝတီ သတင်းသမား ၃ ဦးကို အာမခံဖြင့် ပြန်လွှတ်
DVB
·
September 1, 2017
ဒီဗွီဘီနှင့် ဧရာဝတီ သတင်းသမား ၃ ဦးကို အာမခံဖြင့် ပြန်လွှတ်
1 / 2
Donate to DVB

သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေ အပါအ၀င် ၄  ဦးကို ဒီကနေ့ သီပေါမြို့နယ် တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့  သီပေါမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမြင့်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်နဲ့ တီးဝိုင်းမှာ ဒရမ်တီးတဲ့ ကိုထွန်းအေးတို့ကို တစ်ယောက် ကျပ် ၁၀ သိန်းနဲ့ အာမခံပေးပြီး ပြန်လွှတ်ပေးလိုက်တာပါ။

ဒီအမှုတွဲမှာ ပါဝင်တဲ့ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ နှစ်ဦးကတော့ အာမခံမရသေးဘဲ လိုင်စင်မဲ့ကားအမှုနဲ့ ဆက်လက် တရားရင်ဆိုင်ရဖို့ရှိနေတယ်လို့ ရဲမှူးမြင့်ဝင်းက ပြောပါတယ်။

သတင်းသမား ၃ ဦးကို မတရားအသင်းဥပဒေပုဒ် ၁၇ (၁) နဲ့ တရားစွဲထားတဲ့ အမှုကို ကျေအေးရုပ်သိမ်းတဲ့အကြောင်း တပ်မတော်က ကြေညာထားပြီးနောက် ဒီကနေ့ ၆ ကြိမ်မြောက်ရုံးထုတ်မှာ တရားလို ဗိုလ်ကြီး သက်နိုင်ဦးက အမှုကို ပြန်လည်ရုပ်သိမ်းကြောင်း တရားရုံးမှာ လာရောက်တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေ အာမခံရရေး ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ အာမခံလျှောက်ထားခဲ့ပြီး ဒီကနေ့ အာမခံရသလို တပ်မတော်ကနေ အမှုကို ရုပ်သိမ်းလိုက်တဲ့အတွက် လာမယ့်စက်တင်ဘာ ၄ ရက်နေ့မှာ အမိန့်ချမှတ်ဖို့ ရုံးပြန်ချိန်းဆိုတယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဒေါ်ခင်မိမိက ပြောပါတယ်။

“အာမခံရသွားပါပြီ၊ ၄ ရက်နေ့ကို ပြန်ချိန်းပါတယ်။ အဲနေ့ကျရင် အမှုပြန်ရုပ်တဲ့ အမိန့်ချပါမယ်ရှင်။ ရုပ်သိမ်းတဲ့ဟာက စစ်တပ်ကလာရုပ်သိမ်းလိုက်ပြီ။ ဥပဒေအရာရှိက  ရုံးလုပ်ငန်းစဉ်လေးတွေက ဒီအချိန်တွင်းနဲ့ မပြီးနိုင်ဘူး။ သူက ခရိုင်တွေဘာတွေတင်ပြီးတော့ အဲဒီစာတွေ ဘာတွေလိုတဲ့အတွက် တနင်္လာနေ့ကို ပြန်ချိန်းတာပါ။ အဲနေ့ကျရင် ဖိုင်နယ်ပေါ့။ ဒီနေ့ကတော့ အာမခံပေးလိုက်ပါပြီ။  ”

တီအန်အယ်လ်အေရဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲက သတင်းယူပြီးပြန်လာတဲ့ ဒီဗွီဘီအကြီးတန်း သတင်းထောက် ဦးအေးနိုင်နဲ့ သတင်းထောက်ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်း ညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013