DVB Logo
Home
မြန်မာသတင်း
ARSAအကြမ်းဖက်သမား ၃၇၀ သေဆုံးပြီး ၉ ဦးကို အရှင်ဖမ်းဆီးရမိ
DVB
·
September 1, 2017
ARSAအကြမ်းဖက်သမား ၃၇၀ သေဆုံးပြီး ၉ ဦးကို အရှင်ဖမ်းဆီးရမိ
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ  သြဂုတ်၃၀ရက်ထိ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား အလောင်း ၃၇၀ လောင်းရရှိပြီး   ၉ ဦးကို အရှင်ဖမ်းဆီးရမိတယ်လို့  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ARSAတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သြဂုတ် ၂၅ ရက်ကနေ ၃၀ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး  တပ်မတော်စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦးတို့ အသက်ဆုံးရှုံးခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးတို့ ဒဏ်ရာရရှိခဲ့ကာ စစ်သည် ၁ ဦးပျောက်ဆုံးနေတဲ့အပြင်  တပ်မတော်မှ လက်နက်ငယ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၄၀ တောင့်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေထံမှ လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၄၂၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ စက်သွယ်ရေး စက် ၁ လုံးတို့ ဆုံးရှုံးခဲ့ရကာ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ၇ စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အရပ်သားသေဆုံးမှုအနေနဲ့ ဟိန္ဒူ ဘာသာဝင် ၇ ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၃ ဦး၊ ရခိုင်တိုင်းရင်းသား ၄ ဦး စုစုပေါင်း အပြစ်မဲ့ တိုင်းရင်းသားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေထဲမှာရှိတဲ့ တပ်ဌာနချုပ်တစ်ခု အပါအ၀င် ရဲကင်းစခန်း ၃၀ ကို ARSA အကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းကစလို့ တချိန်တည်း၊ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။

ARSA အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးခဲ့ကြလို့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်အတွင်းရှိ အိမ်ခြေပေါင်း ၂၆၂၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး အကြမ်း ဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၁၇၂၈ ဦးတို့ ဘေးကင်းလုံခြုံ စိတ်ချရတဲ့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ-Information Committee

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013