DVB Logo
Home
မြန်မာသတင်း
၁၂ ဘီး ကုန်တင်ယာဉ်တစီး ပေ ၈၀ ချောက်ထဲ ထိုးကျ
DVB
·
September 1, 2017
၁၂ ဘီး ကုန်တင်ယာဉ်တစီး ပေ ၈၀ ချောက်ထဲ ထိုးကျ
Donate to DVB

ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာ သြဂုတ် ၃၁ မနက်ပိုင်းက ကုန်တင်ယာဉ်တစီး ပေ ၈၀ လောက်ရှိတဲ့ ချောက်ထဲ တိမ်းမှောက်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအနီးပွိုင့် ၁၀၂၀ စခန်းတောင်ကုန်းအဆင်း တံတောင်းဆစ်ကွေ့ မြိတ်-ကော့သောင်း ကားလမ်းမကြီး မိုင်တိုင်အမှတ် ၈၆/၁ နှင့် ၂ ကြားမှာ ရန်ကုန်ကနေ ကော့သောင်းကို  ကြက်သွန်နီ၊ ဖြူ အာလူး၊ နို့ဆီ စတဲ့ ကုန်ခြောက်ပစ္စည်းတွေ တင်ဆောင်ပြီး မိုးကြည် မောင်းနှင်ပြီး ယာဉ်နောက်လိုက် မိုးသွင်ဦး လိုက်ပါလာတဲ့ ၁၂ ဘီးယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ပေ ၈၀ လောက်ရှိတဲ့ ချောက်အတွင်းကို ထိုးကျခဲ့တာဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမိုးကြည် ယာခြေတောက်ကျိုး၊ ယာနံရိုးကျိုးဒဏ်ရာနဲ့ ယာဉ်နောက်လိုက်မိုးသွင်ဦးမှာ ယာခြေခုံပေါက်ပြဲဒဏ်ရာ အသီးသီးရရှိခဲ့ပြီး ပြည်ကြီးမဏ္ဍိုင်မြို့ နာရေးကူညီမှုအသင်းယာဉ်နဲ့ မြိတ်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှသူတဦးက ပြောပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013