DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် သတင်းထောက်အပါအဝင် ၅ ဦး အာမခံရရှိ
DVB
·
September 1, 2017
ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် သတင်းထောက်အပါအဝင် ၅ ဦး အာမခံရရှိ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ သတင်းထောက် ၂ ဦး အပါအဝင် ၅ ဦး သြဂုတ် ၃၁ ရက်နေ့မှာ အာမခံရရှိတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ငလောက်ကျေးရွာ၊ အလယ်တန်းကျောင်းအုပ်ဆရာကြီးက ကျေးရွာစာသင်ကျောင်းမှာ ပြင်ပဆရာတွေ ငှားရမ်းပြီး စာသင်ကြားတဲ့အတွက် ကျောင်းသားမိဘတွေဟာ ငွေတိုးချေးကာ ကျောင်းထားနေရတယ်ဆိုပြီး ဒေသခံကျေးရွာသားတွေက ၂၀၁၆ နိုဝင်ဘာ ၁၁ ရက်နေ့က မကွေးမြို့၊ မကွေးတိုင်း သတင်းစာဆရာအသင်းရုံးမှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ မဇ္စျိမသတင်းဌာနမှ ကိုဒေါင်းလူက ဒီဗွီဘီကို ပြောပါတယ်။

“ကျေးရွာသားတွေရဲ့ ပြောဆိုချက်တွေနဲ့ စွပ်စွဲခံရတဲ့ ကျောင်းအုပ်ဆရာကြီး ဖုန်းဆက် အင်တာဗျူးအသံဖိုင် ပါဝင်တဲ့ ရုပ်သံသတင်းကို ၂၀၁၆ နိုဝင်ဘာ ၁၃ ရက်နေ့က မဇ္ဈိမသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျနော် ရိုက်ကူးတည်းဖြတ်ခဲ့တဲ့ ရုပ်သံသတင်းကို မဇ္ဈိမကတဆင့် ကျနော့်အကောင့်မှာ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။”

အဲဒီသတင်းနဲ့ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီးက ၂၀၁၆ ဒီဇင်ဘာ ၇ ရက်နေ့က အောင်လံမြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) နဲ့ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

ကိုဒေါင်းလူက “အခုလတ်တလောမှာ ကျနော်နဲ့ သတင်းထောက်ဘဦးကို ရဲက အကြောင်းကြားလာတဲ့အတွက် သြဂုတ်လ ၃၁ ရက်က အောင်လံရဲစခန်းမှာ သွားရောက် အဖမ်းခံမှာဖြစ်ပြီး ကိုဘဦးကိုတော့ သတင်းစာရှင်းလင်းပွဲကို ကမကထ ပြုလုပ်ပေးတဲ့အတွက် အမှုဖွင့်ခံရတာပါ။ ဒီသတင်းကို ကျနော် မီဒီယာကျင့်ဝတ်နဲ့အညီ ရိုက်ကူးခဲ့ပါတယ်။ နှစ်ဘက်အသံ ဖော်ပြခဲ့ပါတယ်။ ကျနော့်အာဘော်လည်း လုံးဝ မပါခဲ့ပါဘူး။ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ သတင်းထောက်က မီဒီယာကျင့်ဝတ်နဲ့အညီ မျှမျှတတ သတင်းလုပ်တယ်။ အဲဒီလို သတင်းစာရှင်းလင်းပွဲသတင်းကို သတင်းလုပ်တာနဲ့ အခုလို ၆၆(ဃ) နဲ့ အမှုဖွင့်ခံရတာ ဘယ်လိုမှ နားမလည် ဖြစ်ရပါတယ်” လို့ ပြောပါတယ်။

ကိုဒေါင်းလူ အပါအဝင် နယ်ခံသတင်းထောက် ကိုဘဦးနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ဒေသခံ ၅ ဦး၊ စုစုပေါင်း ၇ ဦးကို ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒေသခံ ၂ ဦးကိုတော့ ဖမ်းဆီးထားတယ်လို့ သိရပြီး အာမခံရရှိရန် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

အောင်လံမြို့မ ရဲစခန်းမှာ သတင်းထောက်ဘဦးနဲ့  ကိုဒေါင်းလူ အပါဝင် အရပ်သားနှစ်ဦး လာရောက်အဖမ်းခံလို့ အာမခံပေးထားပြီး နောက်တပတ်ထဲမှာ တရားစွဲဆိုဖို့ စီစဉ်ထားတယ်လို့ အမှုစစ် ရဲအုပ်သန်းဆွေထွန်းက ဒီဗွီဘီကို ပြောပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013