DVB Logo
Home
မြန်မာသတင်း
ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့နှင့် လွှတ်တော်အကြား ပြဿနာ ပြေလည်မှုရရှိ
DVB
·
August 31, 2017
ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့နှင့် လွှတ်တော်အကြား ပြဿနာ ပြေလည်မှုရရှိ
Donate to DVB

 

ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ အစီရင်ခံစာပါအကြောင်းအရာနဲ့ပတ်သက်ပြီး  တပတ်အတွင်း ရက်အတွင်း ပြန်လည်တောင်းပန်ဖို့  ပြည်ထောင်စုလွှတ်တော်ရုံးက တောင်းဆိုထားတဲ့ကိစ္စ နှစ်ဖက်ပြေလည်မှုရသွားပြီလို့သိရပါတယ်။

ပျောက်ဆုံးနေသောဥပဒေဆိုတဲ့  ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ အစီရင်ခံစာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး မှားယွင်းကြောင်း ပြန်လည်တောင်းပန်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ   ပြည်ထောင်စု လွှတ်တော်ရုံးက ကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရုံးရဲ့ ကြေညာချက်အရ ပွင့်လင်းမြန်မာရှေ့ဆောင်ရုံးက တာဝန်ရှိသူတွေ လွှတ်တော်နာယက လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ ဩဂုတ် ၂၉ ရက်က သွားရောက် တွေ့ဆုံခဲ့ပြီး လွှတ်တော်ဥပဒေပြုရေးဖြစ်စဉ်အပေါ် ပွင့်လင်းမြန်မာရှေ့ဆောင်ရဲ့ အကောက်အယူတွေကို ရှင်းပြခဲ့တဲ့အတွက် နှစ်ဖက်နားလည်မှုရခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ရှင်းလင်းပြောကြားချက်အရ ပထမအကြိမ်လွှတ်တော် သက်တမ်း အတွင်း ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုင်ရာဥပဒေကို တတိယ အကြိမ်ပြင်ဆင်တဲ့ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပေမယ့် မူလဥပဒေအပေါ် သက်ရောက်မှုမရှိတာကြောင့် အတည်ပြုထုတ်ပြန်ဖို့ မလိုတဲ့ ဥပဒေကြမ်း တရပ်ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် နောက်နောင် အလားတူပြဿနာတွေမဖြစ်ဖို့ လွှတ်တော်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ညှိနှိုင်းတာတွေ ပိုလုပ်ဖို့ လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို သီးခြားလွတ်လပ်တဲ့ အဖွဲ့ဖြစ်စေဖို့ ခုံရုံးဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ထောက်ပြ အကြံပြုထား တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013