DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 31, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၄၃၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မတ်ပဲ
မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၅၅၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ထန်းလျက်
ထန်းလျက်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၁၀၀ ကျပ်ကနေ ငွေကျပ် ၁,၆၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။

ပဲပုတ်(ဗမာ)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ၉၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပန်းနှမ်း
ပန်းနှမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၈၀၀ ကနေ ၁,၈၂၅ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဆန်ပြောင်း
မြင်းခြံကုန်စည်ဒိုင်မှာတော့ ဆန်ပြောင်းက ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီးတော့ ၁ ပိဿာကို ငွေကျပ် ၈၂၅ ပေါက်ဈေးရှိပါတယ်။

စီပီပြောင်း
လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၅၀၀ ကနေ ၂၅၀ ကျပ် ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013