DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှ်င့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးမည်
DVB
·
August 31, 2017
ဒေါ်အောင်ဆန်းစုကြည်နှ်င့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးမည်
Donate to DVB

 

မွန်ပြည်သစ်ပါတီဌာနချုပ်အနီး တပ်မတော်ကလာရောက် တပ်စွဲထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန်တွေ့ဆုံဆွေးနွေးမယ်လို့  မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင် နိုင်အောင်မငေးက ပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာဖြစ်ပြီး မနက်ဖြန် နေပြည်တော်မှာတွေ့ ဆုံဆွေးနွေးမယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။

“ကျနော်တို့ မြေပြင်မှာ တပ်အချင်းချင်း  တပ်မတော်က ကျနော်တို့ ကွင်းထဲကိုဝင်လာတာပေါ့နော်။ အဲဒါကို ကျနော်တို့ ဖြေလျော့ဖို့ အတွက်ကိစ္စရယ်၊  နောက်တော့ အန်စီအေလမ်းကြောင်း တစိုက်မတ်မတ်သွားဖို့ကိစ္စရယ် အဲဒါ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဖို့ပါ။ ”

မွန်ပြည်သစ်ပါတီအနေနဲ့ အန်စီအေလမ်းကြောင်းအတိုင်း သွားဖို့ဆုံးဖြတ်ထားပေမယ့် ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်ဖက်စီ)ရဲ့ မူအတိုင်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ အစိုးရနဲ့ အန်စီအေလက်မှတ် ရေးထိုးဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် အန်စီအေလက်မှတ်ထိုးရေးမထိုးရေးဟာလက်ရှိ ဒီပီအန်နဲ့ ဆွေးနွေးတဲ့ရလဒ်အပေါ်မှာ မူတည်တယ်လို့လည်း နိုင်အောင်မငေးက ပြောပါတယ်။

“ အဆိုပြုချက် ၈ ချက်အပေါ်မှာ ပြေလည်တဲ့အခါကျရင် အဲဒါနဲ့ အန်စီအေကိစ္စ ပိုမိုခိုင်မာ မှုရှိအောင်လုပ်မယ်။ နောက်မြေပြင်အခြေအနေမှာလည်း ချောချောမွေ့မွေ့ရှိရင်တော့ အဲဒါဖြစ်နိုင်တယ်ပေါ့နော်။ ”

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်တွေနဲ့ မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စ၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီဟာ အစိုးရနဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြီးခဲ့တဲ့ အစိုးရလက်ထက်က လက်မှတ်ထိုးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013