DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် တရားမဝင်ပိတောက်ခွဲသားများ တင်လာသည့် ၁၂ ဘီးယာဉ် ဖမ်းမိ
DVB
·
August 31, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ သြဂုတ် ၃၀ ရက် ည ၇ နာရီလောက်က တရားမဝင်ပိတောက်ခွဲသားတွေ တင်ဆောင်လာတဲ့ ၁၂ ယာဉ် ၁ စီး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးက ပြောပါတယ်။

ကျွန်းကုန်း Toll Plaza မှာ စောင့်ဆိုင်းနေစဉ် မန္တလေးဘက်မှ ရန်ကုန်ဘက် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ကို မသင်္ကာတဲ့အတွက် ရပ်တန့်မေးမြန်းနေစဉ် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ၂ ဦး ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် သက်သေတွေနဲ့အတူ ယာဉ်ကို ဖွင့်ဖောက်စစ်ဆေးရာကနေ စပါးခွံအိတ်တွေ ဖုံးအုပ်ထားတဲ့ တရားမဝင်ပိတောက်ခွဲသား ၈ တန်ကျော် ခန့်မှန်း ကာလတန်ကြေးငွေ ၄၈ သိန်းကျော် ဖမ်းဆီးရမိခဲ့တာပါ။

မြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးက "ကျနော်တို့ ခရိုင်ချင်း ချိတ်ဆက်ပြီး လက်ထောက် ညွန်ကြားရေးမှူးရဲ့ ချပြသတင်းအရ သွားရောက်စောင့်ဆိုင်းနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ တရားခံနှစ်ဦးကတော့ မေးမြန်းနေစဉ်အချိန်မှာပဲ ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ ယာဉ်မှာပါတဲ့ မှတ်တမ်းတွေနဲ့ က.ည.န မှာ စစ်ဆေးပြီး သစ်ပိုင်ရှင်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်တွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီအရေးယူသွားမှာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

တရားမဝင်ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး သစ်ပိုင်ရှင်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013