DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ (ဓာတ်ပုံ)
DVB
·
August 31, 2017
ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ (ဓာတ်ပုံ)
1 / 6
Donate to DVB

 

ကရင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးကို ဒီကနေ့ သြဂုတ် ၃၁ ရက်နေ့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာရှိတဲ့ ကရင်ပြည်နယ်လွှတ်တော်မှာ စတင်ကျင်းပနေပါတယ်။

ဒီကနေ့ အစည်းအဝေးမှာကရင်ပြည်နယ်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်က  ၂၀၁၇-၂၀၁၈ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းဆိုင်ရာ လျာထားချက်စာရင်းနဲ့ ဘားအံမြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပရေး အဆင့်မြှင့်တင်ဆောင်ရွက်မယ့် စီမံကိန်းလုပ်ငန်းနဲ့ ပတ်သက်လို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးစောပြည်သာက  ဘားကပ်ကျေးရွာ သံလွင်မြစ်ကမ်းနံဘေးမှာ တန် ၄၀၀၀ ခံနိုင်ဝန်ရှိတဲ့ ဆိပ်ခံတည်ဆောက်မယ့် စီမံကိန်းကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

လွှတ်တော်ကိုတင်သွင်းတဲ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မနက်ဖြန် ကျင်းပမယ့် ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့မှာဆွေးနွေးသွားဖို့ရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013