DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် မြိုတိုင်းရင်းသား ၇ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ
DVB
·
August 31, 2017
အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် မြိုတိုင်းရင်းသား ၇ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ
1 / 5
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊  ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား  ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်က မနေ့က၀င်ရောက် မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့လို့  မြိုတိုင်းရင်းသား ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါကျေးရွာက ရွာသား ၃ ဦး ပျောက်ဆုံးနေပြီး  ကျန်ကျေးရွာသားတွေကတော့ မေယုတောင်ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရသလို မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ လောင်းဒုံရွာမှ အိမ်ထောင်စု ၃၉ စု ၊ လူဦးရေ ၁၇၅ ဦးဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ခုသို့ ပြောင်းရွှေ့ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အလားတူ  အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒိုင်းနက်လူမျိုး ၆၉ ဦးဟာလည်း ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီး ဓမ္မာရုံသို့ ရောက်ရှိနေတယ်လို့သိရပါတယ်။

သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့်  တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊   ဟိန္ဒူလူမျိုး ၇ ဦး၊ ဒိုင်းနက်လူမျိုး ၅ ဦး သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- Information Committee

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013