DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီးတွင် တရားမဝင်သစ်စက် ၁ လုံး ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
August 31, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အောင်းကုန်းကျေးရွာအနီးမှာ သြဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းအချိန်က တရားမဝင်သစ်စက် ၁ လုံးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

သြဂုတ်လ ၂၉ ရက် ညနေ ၄ နာရီခွဲအချိန်က အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ လယ်ကွင်းတောစပ် ခန့်မှန်းမြေပုံညွှန်း KG-053875 မှာ တရားမဝင် သစ်စက် ၁ လုံး လည်ပတ်နေတယ်လို့ သတင်းအရ အင်းတော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်   ဒုရဲအုပ်အောင်အောင်နဲ့အဖွဲ့၊ မော်တိတ် ရဲကင်းစခန်းမှ ရဲတပ်ကြပ်နေမျိုးထွန်း၊ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနက တောအုပ် ဦးနေစိုးနဲ့ အဖွဲ့တို့ဟာ သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ကျွန်းသစ်လုံး ၁၂ လုံး ၂ ဒသမ ၇၆၄ တန်၊ ကျွန်းခွဲသားဆိုဒ်စုံ ၅၂ ချောင်း ၀ ဒသမ ၆၉၁၂ တန်၊ တရုတ်နိုင်ငံလုပ် အင်ဂျင် ၁ လုံး၊ ရှပ်တန်း ပူလီပါ ၁ စုံ၊ ပတ်တားကြိုး ၁ ချောင်း၊ စုစုပေါင်း ကာလတန်ဖိုး ၃၄၅၅၃၆ ကျပ်ကို ပိုင်ရှင်မဲ့ တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သစ်စက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တောအုပ်ဦးနေစိုးက ရှာဖွေပုံစံနဲ့ သိမ်းဆည်းပြီး သစ်စက်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013