DVB Logo
Home
မြန်မာသတင်း
ပြွန်တန်ဆာမြို့တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ နေအိမ် ၂ လုံး မီးလောင်
DVB
·
August 31, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့မှာ သြဂုတ် ၃၀ ရက် ည ၁၂ နာရီခွဲလောက်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။

ပြွန်တန်ဆာမြို့ မြို့မ ၃ ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးနေ ဒေါ်လေးလေးရဲ့ နှစ်ထပ်အိမ်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အနီးက နှစ်ထပ်အိမ်တလုံးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထိုက်က “မီးလောင်တာကတော့ ည ၁၂ နာရီခွဲလောက်ကပါ။ နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့တယ်။ နာရီဝက်ကျော်ကျော် အကြာလောက်မှာပဲ မီးငြှိမ်းသတ်နိုင်ခဲ့တယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်း ၂၀ ကျော်လောက် ရှိတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်ရာကို မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး အပါအဝင် မီးသတ်ဦးစီးမှူးနဲ့ တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အနီးအနားက လူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။

နေအိမ် ၂ လုံး မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ကြေး ၂၄ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး မီးပေါ့ဆသုံးစွဲသူ ဒေါ်လေးလေးကို ပြွန်တန်ဆာနယ်မြေစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013