DVB Logo
Home
မြန်မာသတင်း
စားနပ်ရိက္ခာဆက်လက်ထောက်ပံ့ပေးရန် ထိုင်းနယ်စပ် ရှမ်းဒုက္ခသည်များတောင်းဆို
DVB
·
August 30, 2017
စားနပ်ရိက္ခာဆက်လက်ထောက်ပံ့ပေးရန်  ထိုင်းနယ်စပ် ရှမ်းဒုက္ခသည်များတောင်းဆို
1 / 6
Donate to DVB

လွန်ခဲ့တဲ့ နှစ် ၂၀လောက်ကတည်းက တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်ပြီး ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ ရှမ်းဒုက္ခသည် ၆၀၀၀ကျော်ဟာ နိုင်ငံတကာ ထောက်ပံ့မှုတွေ ရုတ်တရက်ဖြတ်တောက်ခံရမယ့်အရေးနဲ့ ရင်ဆိုင်ကြုံတွေ့နေရ ပါတယ်။

သူတို့ကို အမြဲထောက်ပံ့ပေးနေတဲ့ တီဘီစီ အဖွဲ့အစည်းဟာ  လာမယ့် စက်တင်ဘာလ ထိဘဲ ရိက္ခာထောက်ပံ့တော့မယ်လို့ အကြောင်းကြားလာတဲ့အတွက် ကုန်းကျော်၊ လွိုင်တိုင်းလျဲန်း၊ ကောင်းမုန်မိုင်း၊ လွယ်ဆမ်ဆစ်၊ လွယ်ကော်ဝမ်း၊ လွယ်လမ် စတဲ့ စခန်း ၆ ခုက ဒုက္ခသည်တွေ စားဝတ်နေရေးအခက်အခဲဖြစ်မယ့်အရေးကြုံနေရတယ်လို့ ကုန်းကျော်စခန်းကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

“အရင်ကတော့ လူတယောက်အတွက် တလကို  ဆန် ၁၃ ပြည် ထောက်ပံ့ပါတယ်ခင်ဗျ။ ဒါပေမယ့် စက်တင်ဘာနောက်ဆုံးဘဲ။ ပြီးရင် ဘာမှမရတော့ဘူး။ သူတို့က ဘာမှလည်း ကြိုမပြောဘူး။ တကယ်တမ်းတော့ မဖြတ်ခင် ဖြစ်နိုင်ခြေတွေကို အရင်ဆုံး မေးမြန်းဆန်းစစ် စေချင်တယ်လေ။  ကျနော်တို့စခန်းက လူတွေက ဘာလက်မှတ်အထောက်အထားမှလဲမရှိတော့ အပြင်ထွက်ပြီး အလုပ်လုပ်လို့လဲ မရဘူး။ စခန်းတွေက တောင်ပေါ်မှာဆိုတော့ ဘာမှ စိုက်စားလို့ မရဘူး။ နီးစပ်ရာ ယာခင်းတွေမှာ နေ့စားအလုပ်တွေ သွားလုပ်တယ်။ ဒါပေမယ့် အဲဒါက သီးနှံပေါ်ချိန်ဘဲ လုပ်ရတာလေ။  ရွာဟောင်းကို ပြန်နေဖို့ ဆိုတာကလည်း အပစ်အခတ်တွေက မရပ်စဲသေးပါဘူး။ အဲဒီမှာ အစိုးရတပ်တွေ နဂိုထက်ပိုများလာတယ်။ ယူဒဗလျူအက်စ်အေ ၀ တပ်တွေရောဝင်ပြီး နေရာယူထားကြတယ်။ ဒါကြောင့် အခြေအနေကောင်းမွန်လာတဲ့အထိ ဆက်ပြီးကူညီစေချင်ပါ တယ်။”

တီဘီစီအနေနဲ့ သူတို့ကို ဆက်လက်ထောက်ပံ့ကူညီဖို့၊ ရှမ်းပြည်နယ်တွင်း ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှုအကူအညီဆက်ပေးဖို့၊ ဒုက္ခသည် အခွင့်အရေးကိုလေးစားဖို့၊ ရှမ်းပြည်နယ်ထဲမှာ အေးချမ်းတည်ငြိမ်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်တဲ့ အထိ ထောက်ပံ့ကူညီမှုတွေရရှိဖို့  ဒုက္ခသည်စခန်း ၆ ခုက ရွာသားတွေဟာ သြဂုတ်လ နောက်ဆုံးပတ်က  ဆိုင်းဘုတ်ကိုင် တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ မွန်းလွဲပိုင်းမှာလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့အကူအညီနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ကြပါ တယ်။

အဆိုပါ ဒုက္ခသည်တွေအများစုဟာ ရှမ်းပြည်နယ် မိုင်းဆတ်၊ မိုင်းတုံ၊ လင်းခေး၊ မောက်မယ်၊ ကျိုင်းတုံ စတဲ့မြို့နယ်တွေကဖြစ်ပြီး ရှမ်း၊ အခါ၊ လားဟူ စတဲ့ တိုင်းရင်းသားတွေ ပါဝင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013