DVB Logo
Home
မြန်မာသတင်း
H1N1 ကူးစက်ခံရသူ တွေ့ရှိမှု လျော့နည်းလာ
DVB
·
August 30, 2017
H1N1 ကူးစက်ခံရသူ တွေ့ရှိမှု လျော့နည်းလာ
Donate to DVB

 

မြန်မာနိုင်ငံထဲမှာ ရာသီတုပ်ကွေး A(H1N1) ကူးစက်ခံရသူတွေ့ရှိတာ လျော့နည်းလာသလို သေဆုံးသူအရေအတွက်လည်း ထပ်တိုးမလာဘူးလို့ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်ကနေ သြဂုတ် ၂၇ ရက်အထိ တနိုင်ငံလုံးမှာ ရောဂါတွေ့ရှိသေဆုံးသူ ၃၅ ယောက်ရှိပြီး ဒီနေ့ အထိ ထပ်မံ သေဆုံးတာမရှိပါဘူး။ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း စာရင်းမှာလည်း သြဂုတ် ၂၇ ရက်အထိ ၃၄၃ ယောက်ရှိပြီး ဒီနေ့အထိ ၅ ယောက်ပဲ တိုးလာပါတယ်။

သြဂုတ် ၂၉ ရက်နေ့လယ် ၂ နာရီကနေ ဒီနေ့ နေ့လယ် ၂ နာရီအထိ တနိုင်ငံလုံးက သံသယလူနာ ၂၅ ယောက်ကို ဓာတ်ခွဲ စစ်ဆေးခဲ့ပြီး ၂ ယောက်မှာ H1N1 ရောဂါပိုး တွေ့ရှိခဲ့တာပါ။

ဇူလိုင် ၂၁ ရက်ကနေ ဒီနေ့အချိန်ထိ တနိုင်ငံလုံးမှာ သံသယလူနာ ၉၇၈ ယောက်ကို ဓာတ်ခွဲ စမ်းသပ်ခဲ့ပြီး အတည်ပြုလူနာ ၃၄၈ ယောက် ရှိပါတယ်။

လက်ရှိအချိန်ထိမှာတော့ ဝေဘာဂီဆေးရုံကြီးမှာ ကူးစက်ခံ လူနာ ၂ ယောက်နဲ့ တခြားတိုင်းနဲ့ ပြည်နယ် ဆေးရုံတွေမှာ လူနာ ၂၂ ယောက် ကုသနေပါတယ်။ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့  ရောဂါကူးစက်ဖြစ်ပွားတာ မရှိသေးဘူး လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013