DVB Logo
Home
မြန်မာသတင်း
အမဲလိုက်မုဆိုး ၁ ဦး သေနတ်ဒဏ်ရာဟု ယူဆရသည့် ဒဏ်ရာဖြင့် အလောင်းတွေ့ရှိ
DVB
·
August 30, 2017
အမဲလိုက်မုဆိုး ၁ ဦး သေနတ်ဒဏ်ရာဟု ယူဆရသည့် ဒဏ်ရာဖြင့် အလောင်းတွေ့ရှိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းဘေးမဲ့တောအတွင်း သေနတ်ဒဏ်ရာလို့ ယူဆရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းကို ချပ်သင်းဘေးမဲ့တောအတွင်း လိုက်လံ ရှာဖွေသူ ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူက ကောလင်းမြို့နယ်၊ လယ်ရင်းတဲကျေးရွာက ဇော်မြိုင် (၃၇ နှစ်)ဆိုသူဖြစ်ပြီး သူငယ်ချင်း ၄ ယောက်အတူ သြဂုတ် ၂၆ ရက်နေ့ ညနေပိုင်းက အမဲလိုက်ထွက်သွားရာကနေ ပြန်မလာတော့ဘဲပျောက်ဆုံးနေတာပါ။

ဒါကြောင့် ရွာသား ၁၄ ယောက်လောက်နဲ့ သြဂုတ် ၂၇ ရက်ကတစ်ခါ၊ သြဂုတ် ၂၈ ရက်က ရွာသား ၁၇ ယောက်လောက်နဲ့ ထပ်ရှာရာမှ နေ့လည် ၁၂ နာရီခွဲလောက်မှာ ဘေးမဲ့တောအတွင်း ခါးဝဲဘက် ကျည်ဝင်ဒဏ်ရာလို့ယူဆရတဲ့ အပေါက်ဒဏ်ရာ ၁ချက်၊ ဝဲဘက် ဝမ်းဗိုက် ၂ လက်မခန့် ကျည်ထွက်ဒဏ်ရာလို့ ယူဆရတဲ့ ဒဏ်ရာ ၁ချက်၊ ဝဲနားထင်ဖူးရောင်ဒဏ်ရာ၊ ယာပုခုံးပွန်းပဲ့ဒဏ်ရာ၊ ဝဲယာချိုင်းကြားညိုမဲဒဏ်ရာ၊ ဝဲမျက်ဆံကျွတ်ဒဏ်ရာတွေ ရရှိပြီး ပက်လက်အနေအထားနဲ့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသူက ဘယ်လိုကြောင့် သေဆုံးခဲ့ရတယ်၊ ဘယ်သူတွေကလုပ်ကြံသွားတယ်၊ ဘာလက်နက်ကို သုံးသွားတယ်ဆိုတာတော့ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပါတယ်။

အမဲလိုက်အတူသွားသူတွေထဲက တစ်ဦးမှာ သမင်အူစုံအသဲစုံနဲ့တွေ့ရလို့ သစ်တော တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပြီး တောရိုင်းတိရစ္ဆာန် ဥပဒေ ၃၇(ဃ)နဲ့ သြဂုတ်လ ၂၇ ရက်နေ့က ကန့်ဘလူမြို့မစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကန့်ဘလူမြို့မရဲစခန်းက (ပ) ၂၀၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013