DVB Logo
Home
မြန်မာသတင်း
လင်မယားအဆင်မပြေဖြစ်ရာမှ မိန်းမနှင့် ၅ လသားကလေးကို ဓားဖြင့်သတ်မှုဖြစ်ပွား
DVB
·
August 30, 2017
လင်မယားအဆင်မပြေဖြစ်ရာမှ မိန်းမနှင့် ၅ လသားကလေးကို ဓားဖြင့်သတ်မှုဖြစ်ပွား
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပဲခင်းမကျေးရွာမှာ ဩဂုတ် ၂၈ ရက်ညနေပိုင်းက လင်မယားချင်းအဆင်မပြေဖြစ်ပြီး စကားများရာကနေ မိန်းမနဲ့ သားဖြစ်သူတို့ကို ၂ လောင်းပြိုင် သတ်မှုဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးကသိရပါတယ်။

လူသတ်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ယောက်ျားဖြစ်သူ ဇော်လင်း (၄၂နှစ်)က ဓားရှည်နဲ့ခုတ်ခဲ့လို့ မိန်းမဖြစ်သူ မခင်မာသူ (၃၅နှစ်)မှာ လည်ပင်း၊ ယာပါး၊ နဖူး၊ တံတောင်ဆစ်၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့သလို ၅ လအရွယ်သာရှိသေးတဲ့ သားဖြစ်သူ မောင်ဖိုးသားမှာလည်း လည်ပင်းပြတ်ရှဒဏ်ရာရရှိကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လူသတ်မှုကျုးလွန်ခဲ့သူ တရားခံ ဇော်လင်းကိုတော့ ဩဂုတ်လ ၂၉ရက်နေ့က ဖမ်းဆီးထားပြီး (ပ)၂၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013