DVB Logo
Home
မြန်မာသတင်း
အရက်မူးသောင်းကျန်းနေသူမှ လာရောက်ဖျန်ဖြေသူအား သေနတ်ဖြင့် ပစ်သတ်
DVB
·
August 30, 2017
Donate to DVB

ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဒုံးညောင်မှိုင်းကျေးရွာမှာ သြဂုတ်လ ၂၈ ရက်နေ့၊ ည ၇ နာရီခွဲလောက်က အရက်မူးယစ်နေသူကို သွားရောက်ဟန့်တားရာ ယမ်းထောင်းသေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကျွန်းစုမြို့နယ် ရဲစခန်းမှူးက ပြောပါတယ်။

ဒုံးညောင်မှိုင်းကျေးရွာတွင်နေထိုင်သူ ဆန်းငယ်(၂၄)နှစ်ဟာ အရက်မူးယစ်သောက်စားပြီး ရွာလမ်းပေါ် ဆဲဆိုအော်ဟစ်နေတဲ့အတွက် တရွာတည်းနေ ဦးအေးလှိုင် (၅၀ နှစ်)မှ သွားရောက်ဟန့်တားတဲ့အတွက် ဆန်းငယ်မှာ လှည့်ပြန်သွားပြီး ယမ်းထောင်းတူမီးသေနတ်နဲ့ ပစ်ခတ်ရာ ဦးအေးလှိုင်ရဲ့ ကျောပြင်ကို ထိမှန်ပြီး အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့တာပါ။

ကျွန်းစုမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးညွှန့်ဝင်းက"ဦးအေးလှိုင်က ဒေါ်ဂျလားရဲ့အိမ်မှာ ဗွီဒီယို ကြည့်နေတာပါ၊ ဒီအချိန်မှာ ဆန်းငယ်က အရက်မူးပြီး ရွာလမ်းပေါ်မှာအော်ဆဲနေရင်းနဲ့ ဒေါ်ဂျလားအိမ်ရှေ့ကိုအရောက်မှာ ဦးအေးလှိုင်က ဟိတ်ကောင်ဆန်းငယ် မင်းဘယ်သူ့ကို ဆဲနေတာလဲ လို့မေးလိုက်ပါတယ်။ ဆန်းငယ်လည်းဘာမှ ပြန်မပြောပဲ နောက်ပြန်လှည့် သွားတယ်၊ တအောင့်နေတော့ ဆန်းငယ်က ယမ်းထောင်းတူမီးသေနတ်ပြောင်းရှည်နဲ့ ဒေါ်ဂျလား အိမ်ထဲမှာ ဗွီဒီယိုကြည့်နေတဲ့ ဦးအေးလှိုင်ရဲ့ နောက်ကျောကိုပစ်ပြီး တခြားရွာကို စက်လှေလေးနဲ့ ထွက်ပြေးသွားပါတယ်"လို့ ပြောပါတယ်။

ဆန်းငယ်မှာ အခင်းဖြစ်ပွားပြီးနောက် မိသားစုများအားခေါ်ဆောင်ကာ စက်လှေငယ်ဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရပါတယ်။

"အခင်းဖြစ်ပြီးတာနဲ့ ဆန်းငယ်က သူ့ရဲ့ မယားငယ်နဲ့အတူ ဝဲကျွန်းကျေးရွာဘက်ကို ခုတ်မောင်း ထွက်ပြေးသွားတယ် သတင်းရလို့ တရားခံကို အမြန်ဆုံးဖမ်းဆီး မိဖို့အတွက် ကံမော်ရဲစခန်းကိုဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်"လို့ ဒုရဲမှူးညွှန့်ဝင်းမှ ပြောပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး တရားခံ ဆန်းငယ်ကို အရေးယူပေးဖို့ သေဆုံးသူဦးအေးလှိုင်ရဲ့ သမီးဖြစ်သူ မကြူကြူမိုး(၂၈)နှစ်က တရားလိုပြုတိုင်တန်းတဲ့အတွက် ကျွန်းစုမြို့နယ် ရဲစခန်းမှ (ပ)၁၇၃/၂၀၁၇ ၊ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013