
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၅၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၉,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၃၀၀ ကျပ်ကနေ ငွေကျပ် ၁,၇၀၀ ပေါက်ဈေးရှိပါတယ်။
ငရုတ်ပွ
ငရုတ်ပွကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၆,၂၀၀ ပေါက်ဈေးရှိပါတယ်။
ပဲပုတ်(ရှမ်း)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ၁ အိတ်ကို ၅၂,၀၀၀ ကျပ် ကနေ ငွေကျပ် ၆၂,၀၀၀ ပေါက်ဈေးရှိပါတယ်။
နှမ်းနက်
နှမ်းနက်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၉၅,၀၀၀ ပေါက်ဈေးရှိနေပါတယ်။
နှမ်းဖြူ
နှမ်းဖြူကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲနောက်စိမ်း
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ပဲနောက်စိမ်းက ၁ တင်းကို ငွေကျပ် ၂၈,၆၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၁,၁၀၀ ကျပ် ဈေးတက်လာပါတယ်။
ဆန်ပြောင်း
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ဆန်ပြောင်းက ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီးတော့ ၁ ပိဿာကို ၈၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











