DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာမိန်းကလေးအားသတ်၍ မြောင်းထဲပစ်ချခဲ့သည့် လူငယ် ၂ ဦး ဖမ်းဆီးရမိ (ရုပ်သံ)
DVB
·
August 30, 2017
Donate to DVB


ထိုင်းနိုင်ငံ ဘန်ကောက် ပရဝေ့ခ်ျနယ်မြေ အွန်နွတ်လမ်းထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က မြန်မာမိန်းကလေး ၁ ဦးရဲ့အလောင်း တွေ့ရှိခဲ့တာနဲ့ ပတ်သက်လို့ မြန်မာလူငယ် ၂ ဦးကို ဖမ်းဆီးရမိပြီလို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဲဒီမြန်မာလူငယ် ၂ ဦးမှာ အသက် ၂၁ နှစ်ရွယ် တင်ဝင်းအောင်နဲ့ အသက် ၃၁ နှစ်ရွယ် ကြွယ်ကြီး (ထိုင်းအသံထွက်) တို့ဖြစ်ပြီး နှစ်ဦးလုံး လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံကာ သူတို့ကျူးလွန်ခဲ့ပုံ အစအဆုံးကို သြဂုတ် ၂၉ ရက်နေ့က ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူတွေရှေ့မှာ ပြည်လည်သရုပ်ဆောင် ပြသခဲ့ကြပါတယ်။

အခင်းမဖြစ်ပွားခင် သြဂုတ် ၁၅ ရက် ည ၇ နာရီလောက်က သူတို့နှစ်ဦးနဲ့ အသတ်ခံရသူ မမော်လီထွန်း (၂၅)နှစ် တို့ဟာ အွန်နွတ် ၈၆ လမ်းထဲမှာ အရက်အတူသောက်ခဲ့ကြပြီး ကထုန့်ဆေပါ ကျောင်းတိုက်အနီး တံတားအောက်မှာ စိတ်ကြွဆေး ထပ်သုံးခဲ့ကြောင်း၊ အဲဒီနောက် မိန်းကလေးကို သူတို့ ၂ ဦးက ကာမဆက်ဆံရန်ပြုစဉ် မိန်းကလေးက ငြင်းဆန်ပြီး အော်ဟစ်ခဲ့တဲ့အတွက် ဓားနဲ့ထိုးခဲ့ကြောင်း၊ အဲဒီနောက် မြောင်းထဲရှိ ပိုက်လုံးတွေကြားက ရေတွင်းထဲပစ်ချကာ အလောင်းကို  ဖျောက်ဖျက်ခဲ့တာလို့  ဖွင့်ဟဝန်ခံခဲ့ပါတယ်။

တာဝန်ရှိရဲတွေက အနီးနား ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေ၊ စီစီတီဗွီကင်မရာမှ သက်သေတွေ စုစည်းပြီး လူသတ်မှုကျူးလွန်သူတွေကို လိုက်လံဖမ်းဆီးရာ  သြဂုတ် ၂၈ ရက်က ကြွယ်ကြီးဆိုသူကို ဘန်ကောက် ပရဝေ့ခ်ျနယ်မြေ ချလိုမ်ဖကစ်လောကောက် လမ်းထဲမှာ လည်းကောင်း၊ တင်ဝင်းအောင်မှာ မြန်မာပြည်ဘက် ထွက်ပြေးတိမ်းရှောင်စဉ် တာ့ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ထဲမှာ လည်းကောင်း ဖမ်းဆီးရမိခဲ့တယ်လို့ ပရဝေ့ခ်ျနယ်မြေရဲစခန်း ရဲမှူးကြီး ဆာနစ် မဟာထဝွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သူတို့ ၂ ဦးကို ပရဝေ့ခ်ျရဲစခန်းက မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်နက်မှု၊ လူသတ်မှုတွေနဲ့ အမှုဖွင့်ထားပြီး ဖရခနုန်နယ်မြေ တရားရုံးကနေ အမှုစီရင်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013