DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့တွင် A(H1N1) ရာသီတုပ်ကွေးလူနာ ၁ ဦးတွေ့ရှိ
DVB
·
August 30, 2017
လားရှိုးမြို့တွင် A(H1N1) ရာသီတုပ်ကွေးလူနာ ၁ ဦးတွေ့ရှိ
Donate to DVB

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၈) နယ်မြေ (၁၅)မှာ နေထိုင်တဲ့ အသက် (၃၀)အရွယ် အမျိုးသားတဦးမှာ A(H1N1) ရာသီတုတ်ကွေးရောဂါပိုးတွေ့ရှိတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်အထူးရောဂါနှိမ်နင်းရေးဌာနမှ ဒေါက်တာဒယ်နီလင်းက ဒီဗွီဘီကိုပြောပါတယ်။

ဒေါက်တာဒယ်နီလင်းက “ဒီလူနာအနေနဲ့ ၂၄ ရက်နေ့မှာ အသက်ရှူလမ်းကြောင်း ရောဂါ လက္ခဏာနဲ့ပေါ့နော်၊ လားရှိုး ဆေးရုံကြီးမှာ စပြီးတက်တယ်။ အဲ့ဒီချိန်မှာ ဆေးရုံက ဆရာဝန်တွေက ဒီလူနာဟာ H1N1 သံသယရှိတယ်ဆိုပြီးမှ ၂၅ ရက်နေ့မှာ ကျနော်တို့ဆီကို သတင်းပေးပို့ပါတယ်။ ၂၅ ရက်နေ့မှာပဲ ကျနော်တို့က လူနာရဲ့နှာခေါင်းတို့ဖက်ပေါ့နော်။ ဓာတ်ခွဲနမှုနာယူရမယ့် နှာခေါင်းတို့ဖက် ရန်ကုန် အမျိုးသားကျန်းမာရေးဌာနကို ပို့လိုက်တယ်။ ၂၈ ရက်နေ့ ညနေမှာ H1N1 အတည်ပြုတဲ့အဖြေရ တာပေါ့နော်။”

ရောဂါအဖြေရပြီးတဲ့နောက်ပိုင်းမှာစပြီး ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့အပိုင်းတွေ ရောဂါ ဆက်လက်မကူးဆက်ဖို့အတွက် ကာကွယ်မှုတွေ ဆောင်ရွက်နေပါတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိအချိန်ထိ H1N1ရောဂါအတည်ပြုရယူထားတဲ့လူနာ အရေအတွက်ကတော့ နောင်ချိုမြို့နယ်မှာ ၁ ဦး၊ ကျောက်မဲမြို့နယ်မှာ ၄ ဦး၊ လားရှိုးမြို့မှာ ၁ ဦး၊ စုစုပေါင်း ၆ ဦးရှိနေပြီဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013