DVB Logo
Home
မြန်မာသတင်း
မုံရွာရဲစခန်းတွင် အချုပ်သား ၃ ဦး အချုပ်ခန်းဖောက်ထွက်ပြေး
DVB
·
August 30, 2017
မုံရွာရဲစခန်းတွင်  အချုပ်သား ၃ ဦး အချုပ်ခန်းဖောက်ထွက်ပြေး
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ်မြေရဲစခန်းအတွင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သား ၃ ဦး သြဂုတ်၂၉ ရက်ညက အချုပ်ခန်း ဖောက်ထွက်ပြေးသွားပါတယ်။

အချုပ်သား ၃ ဦးက ပုဆိုး အရှည် ၁ပေခန့်ရှိတဲ့ နှစ်ဖက်သွားပါ သံဖြတ်လွှကို အသုံးပြုပြီး အချုပ်ခန်းသံတိုင်ကို ဆွဲဆန့်ဖြတ်ထုတ်ကာ အချုပ်ခန်းကထွက်ပြီး အပြင်အုတ်နံရံ လေသာပြ တင်းပေါက်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ ခရိုင်ရဲစခန်းကသိရပါတယ်။

အချုပ်သားတွေထွက်ပြေး လွတ်မြောက်သွားတာကို သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန်ကျမှ ရဲက စတင်သိရှိခဲ့တာပါ။ နယ်မြေရဲစခန်းအချုပ်ခန်းမှာ အချုပ်သား ၆ ဦးကို ချုပ်နှောင်ထားပြီး ထွက်ပြေးသူ ၃ ယောက်က အချုပ်ခန်းအမှတ် ၂ မှာ သီးသန့်ချုပ်နှောင်ထား တယ်လို့ဆိုပါတယ်။

အချုပ်ခန်းကနေထွက်ပြေးသူတွေက အရွယ်မရောက်သေးတဲ့ကလေးသူငယ်ကို ခိုးယူမှု၊ အဓမ္မပြုကျင့်မှု၊ ကလေးခိုးမှု၊ လုယက်မှု စတာတွေနဲ့ ချုပ်ထားသူတွေဖြစ်ပါတယ်။

ထွက်ပြေးသူတွေက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၁၁၄ နဲ့ ချုပ်ရက် ၁၀ လရှိပြီဖြစ်တဲ့ ဆန်းမင်းသူ (ခ) အောင်ကို၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၆၊၃၇၆၊ ၃၆၃၊ ၁၁၄ နဲ့ ချုပ်ရက် ၁၁ လရှိပြီဖြစ်တဲ့ မင်းထိုက်ဆွေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ ကျင့် ၅၄ နဲ့ ချုပ်ရက် ၈ ရက်သာရှိသေးတဲ့ မိုးဝင်း (ခ) ကိုနိုင်တို့ဖြစ်ပါတယ်။

အချုပ်ခန်းမှထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူအဆင့်ဆင့်ကို ချုပ်နှောင် စစ်ဆေးနေပြီး ထွက်ပြေးသူတွေကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲ တပ်ဖွဲ့က ပိတ်ဆို့ရှာဖွေနေပါတယ်။

သြဂုတ်လ ၂၈ ရက်မနက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ မလယ်နယ်မြေရဲ စခန်းမှာဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သား ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး နောက်တနေ့မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013