DVB Logo
Home
မြန်မာသတင်း
ပြည်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်ပေါ်တွင် လေသေနတ် ၂ လက် ဖမ်းမိ
DVB
·
August 30, 2017
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့အထွက် တိုးဂိတ်မှာ တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ လုံခြုံရေးအရ ယာဉ်များ ရပ်တန့်စစ်ဆေးရာ ပြည်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာတဲ့ NISSAN.ADYAN အဖြူရောင်ကို ရပ်တန့်စစ်ဆေးရာ သစ်သားနဲ့ ပြုလုပ်ထားပြီး ဘောစေ့ထည့်ပစ်ရတဲ့ လက်လုပ် လေသေနတ် ၂ လက် ဖမ်းစီးရမိခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းမှ ဒုရဲအုပ်စိုးမြင့်ခိုင်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးရန်လင်းဦးက “သြဂုတ်လ ၃၀ ရက်နေ့ ၂ နာရီ ၅၀ မိနစ်မှာ တိုက်ကြီးတိုးဂိတ်မှာ လုံခြုံရေး ဆောင်ရွက်နေစဉ် ကားကို ရပ်ပြီးစစ်တော့ ကားပေါ်မှာ လူ ၆ ဦး ပါတယ်။ ကားကို စစ်ဆေးတော့ ကားနောက်ဖုံးကို ဖွင့်ခိုင်းပြီး ကြည့်လိုက်တော့ တာလပတ်နဲ့အုပ်ထားတဲ့ သေနတ်နှစ်လက် တွေ့တယ်။ ကျောပိုးအိတ်တလုံး တွေ့တယ်။ ဒါနဲ့စခန်းမှူးနဲ့အဖွဲ့တွေက ယာဉ်ပေါ်ပါသူတွေနဲ့ ကားကို စခန်းကို ခေါ်ဆောင်သွားပါတယ်” လို့ ပြောပါတယ်။

ယာဉ်ပေါ်ပါသူ ၆ ဦးကို စစ်ဆေးရာ ဖိုးခွား(ခ)ချစ်မင်းကျော်နဲ့ မိုးလွင်တို့ရဲ့ ပစ္စည်းတွေဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ မအူပင်မြို့နေ ယာဉ်မောင်းစိုးရာဇာ (၂၅-နှစ်)၊ ချစ်မင်းကျော် (၂၇-နှစ်)၊ ကျိုက်လတ်မြို့နယ်နေသူ မိုးလွင် (၃၇-နှစ်) တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉(စ)နဲ့ ဒုရဲအုပ် စိုးမြင့်ခိုင်က တရားလိုပြုလုပ်ပြီး အမှုစစ် ဒုရဲအုပ်ဇေယျာဦးက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013