DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်သမားများနယ်မြေ၌ နိုင်ငံတကာထောက်ပံ့ပစ္စည်းများ ထပ်မံတွေ့ရှိ
DVB
·
August 30, 2017
ARSA အကြမ်းဖက်သမားများနယ်မြေ၌ နိုင်ငံတကာထောက်ပံ့ပစ္စည်းများ ထပ်မံတွေ့ရှိ
1 / 7
Donate to DVB

 

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ လှုပ်ရှားနေတဲ့ နယ်မြေမှာ မိုင်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ထားတဲ့ ပစ္စည်းတွေ တွေ့ရှိတယ်လို့ အစိုးရသတင်း ထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ  သြဂုတ် ၂၈ ရက် မနက် ၃ နာရီမှာ ကျီးကျွန်းကင်းစခန်းရဲ့ တောင်ဘက်၂ မိုင်လောက်အကွာမှာ ဓာတ်မီးရောင်တွေ့ရှိပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အော်ဟစ်သံတွေကြားရလို့  နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ စခန်းမြောက်ဘက် မီတာ ၁၅၀၀ လောက်အကွာရှိ ပုစွန်ကန်စောင့်အလုပ်သမားတွေ နေထိုင်ခဲ့တဲ့ တဲငယ် ၆ လုံးကို တွေ့ရှိရပြီး တဲတွေမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ ၀င်ရောက်နေထိုင်ခဲ့တဲ့ အနေအထား၊ WFP မှ ထောက်ပံ့ပေးတဲ့ စွမ်းအားပြည့် ဘီစကစ်မုန့်ခွံနဲ့  မုန့်ဖာခွံတွေ၊ အချိုရည်ဘူးခွံတွေနဲ့ ပုစွန်ကန်ဘေး ခြုံအတွင်းမှ လောင်းလှေငယ်နှစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

အလားတူ မနေ့မနက်  ၁၁ နာရီလောက်မှာ  ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာအပြင်ဘက် တောင်ခြေအနီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းခဲ့ရာ ချုံပုတ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားတွေဝှက်ထားတဲ့ ဆာလာအိတ်ထုပ်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကတော့ ဆေးဝါးမျိုးစုံ ၇ အိတ်၊ USAID တံဆိပ်ပါ ဆန် ၁ အိတ်၊ WFP တံဆိပ်ပါ ဆန်အိတ် ၁ အိတ်၊ အလျား ၁၂ လက်မ အချင်း ၄ လက်မခန့်ရှိ သံပိုက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း ၃ ခု၊  ရီမု ဆင်ဆာ ၃ ခု၊ ဝါယာကြိုးပါကင်ထုပ် ၃ ထုပ်၊ အဝေးထိန်း ရီမု ၆ ခု၊ Panasonic တံဆိပ်ပါ ၉ ဗို့ ဓာတ်ခဲ ၃ လုံး၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည် ၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကလည်း  မေယုတောင်ပေါ်မှာ အကြမ်းဖက်သမားတွေ ခိုအောင်း စခန်းချရာတဲတွေမှာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန့်ဝေထားတဲ့ စွမ်းအားမြင့် ဘီစကစ်တွေ တွေ့ရှိခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ အာဏာပိုင်တွေထံမှာ အသေးစိတ်သိရဖို့ အချက်အလက်တွေ တောင်းခံထားတယ်လို့လည်း WFP က ဒီဗွီဘီကို ပြောပါတယ်။

ဓာတ်ပုံ - Cincds

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013