DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 29, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဖျာပုံပေါ်ဆန်းမွှေး
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ ဖျာပုံပေါ်ဆန်းမွှေးက ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၃၂,၀၀၀ ကနေ ၃၄,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

ဧည့်မထ မိုးဆန်
ဧည့်မထ မိုးဆန်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၂၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၁,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပြောင်းဆံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပြောင်းဆံက ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၅၅၀ ကျပ်ကနေ ငွေကျပ် ၅၆၅ ပေါက်ဈေးရှိပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၇၀၀ ကျပ်ကနေ ငွေကျပ် ၂,၈၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

ဘိုကိတ်ပဲ
ဘိုကိတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၂၀၀ ကျပ်ကနေ ငွေကျပ် ၁,၃၃၅ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၇၀ ကျပ် ဈေးတက်လာပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၉၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁,၈၃၀ ပေါက်ဈေးရှိပါတယ်။

မတ်ပဲ
မတ်ပဲကတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၅၃၇,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၄၆၅ ကျပ်ကနေ ၁,၉၂၀ ပေါက်ဈေးရှိပါတယ်။

မတ်ပဲနဲ့ ပဲတီစိမ်းက တပတ်ကြာ ဈေးကွက်ပိတ်ထားခဲ့ပြီး ဒီနေ့မှာ ဈေးကွက် ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013