DVB Logo
Home
မြန်မာသတင်း
အသေးစား အလတ်စား လုပ်ငန်းရှင်များအား ကျပ်သိန်း ၁ ထောင်စီ ချေးမည်
DVB
·
August 29, 2017
အသေးစား အလတ်စား လုပ်ငန်းရှင်များအား ကျပ်သိန်း ၁ ထောင်စီ ချေးမည်
Donate to DVB

အသေးစား အလတ်စား လုပ်ငန်းရှင်တွေကို အပေါင်ပစ္စည်း ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ကျပ်သိန်း ၁ ထောင်စီကို လာမယ့် စက်တင်ဘာကစပြီး ထုတ်ချေးသွားမယ်လို့ စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

သြဂုတ် ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တယောက် မေးမြန်းတာကို ဖြေကြားရင်း ပြောဆိုခဲ့တာပါ။

ဂျာမနီနိုင်ငံ အစိုးရရဲ့ ယူရိုငွေ ၄ ဒသမ ၄၅ သန်း (ကျပ် ၆ ဒသမ ၈ ဘီလီယံ) ကို ဂျာမနီနိုင်ငံ အခြေစိုက် Kfw ဖွံ့ဖြိုးရေးဘဏ်နဲ့ သမဝါယမဘဏ်တို့ ပူးပေါင်းပြီး ထုတ်ချေးသွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တယောက်ကို အပေါင်ပစ္စည်း ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ချေးသွားမှာပါ။ လုပ်ငန်း စတင်လုပ်ကိုင်နေသူတွေကိုလည်း လုပ်ငန်းခိုင်မာမှုရှိရင် ချေးမယ်”လို့ ဝန်ကြီးက ပြောပါတယ်။

လက်ရှိမှာတော့ သမဝါယမဘဏ်၊ မြန်မာ့အာမခံလုပ်ငန်းနဲ့ ဂျပန်နိုင်ငံ Sumitomo Mitsui Banks Corporations (SMBC) တို့ ပူးပေါင်းပြီး အလားအလာရှိတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို Credit Guarantee Insurance (CGI) စနစ်နဲ့ ချေးနေသလို မြန်မာနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်တဲ့ JICA နှစ်ဆင့်ချေးငွေ အစီအစဉ်အရ ပြည်တွင်းဘဏ် ၆ ခုက ချေးပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013