DVB Logo
Home
မြန်မာသတင်း
ဒိုင်းနက်တိုင်းရင်းသား ၅ ဦး သေဆုံးပြီး ၅၀ ကျော်ကို အကြမ်းဖက်အန္တရာယ်မှ ကယ်ဆယ်
DVB
·
August 29, 2017
ဒိုင်းနက်တိုင်းရင်းသား ၅ ဦး သေဆုံးပြီး  ၅၀ ကျော်ကို အကြမ်းဖက်အန္တရာယ်မှ ကယ်ဆယ်
Donate to DVB

အစွန်းရောက်ဘင်္ဂါင်္လီအကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒိုင်းနက်တိုင်းရင်းသား ၅ ဦး သေဆုံးသွားပြီး ၅၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ် ရန်ကာစေတီကျေးရွာက ဒိုင်းနက်တိုင်းရင်းသား ၂၂ ဦးဟာ သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက အောင်ဇံတိုင်းရင်းသားကျေးရွာမှာ သွားရောက်နေထိုင်ဖို့ ထွက်ခွာလာစဉ် ကြောင်ဒိုးကျေးရွာအဝင် တံတားအနီးမှာ အကြမ်းဖက်သမား ၁၀၀ လောက်က တုတ်၊ ဓားတွေနဲ့ ဝိုင်းဝန်းထိုးခုတ်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရန်ကာစေတီကျေးရွာနေ ဒိုင်းနက်တိုင်းရင်းသား ၂၂ ဦး အနက်မှ ဦးစိန်ထွန်းမောင် ၂၈ နှစ်အပါအဝင် ၅ ဦး သေဆုံးသွားခဲ့ပြီး ၁၇ ဦး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်မှ တိမ်းရှောင်ပုန်းကွယ်နေခဲ့ရတဲ့ ဒိုင်းနက်တိုင်းရင်းသား ၃၈ ဦးကို သြဂုတ် ၂၇ ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ရွှေ့ပြောင်းပေးနိုင်ခဲ့လို့ စုစုပေါင်း ဒိုင်းနက်တိုင်းရင်းသား ၅၅ ဦးအား ကူညီကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013