DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့၌ ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နှင့် ယာဉ်တစီးကို တိုက်မိ ၁ ဦးသေဆုံး
DVB
·
August 29, 2017
Donate to DVB

ပဲခူးမြို့ မဂ္ဂတစ်မီးပွိုင့်မှာ မနေ့ ညနေက ပဲခူးဘက်ကနေ သနပ္ပင်ဘက်ကို မောင်းနှင်နေတဲ့ ကမ္ဘာကျော်ယာဉ်လိုင်းမှ ကားဟာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တစီးနဲ့ ကားတစီးကို တိုက်မိပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၈ ရက်နေ့ ညနေ ၃ နာရီလောက်က ပဲခူးဘက်ကနေ သနပ္ပင်ဘက်ကို ယာဉ်နောက်လိုက် ဦးဇော်ဝင်းထွဋ် လိုက်ပါလာပြီး ယာဉ်မောင်း ဦးဝင်းနိုင်  မောင်းနှင်လာတဲ့ ပဲခူး-သင်္ဃန်းကျွန်း ပြေးဆွဲနေတဲ့ ကမ္ဘာကျော်ယာဉ်လိုင်းမှ ကားတစီးဟာ မဂ္ဂတစ်မီးပွိုင့်မှာ ဆိုင်ကယ်တစီးကို နောက်ကနေ တိုက်မိပြီး မီးပွိုင့်မှာ ရပ်နေတဲ့ ပဲခူး-သင်္ဃန်းကျွန်း ပြေးဆွဲနေတဲ့ ကားတစီးကိုလည်း ဆင့်တိုက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှာ ပါလာတဲ့ ကဝမြို့နယ်က အသက် ၅၇ နှစ်အရွယ် ဒေါ်စန်းမြင့်ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းသူ ဦးဇင်မျိုးဦးကတော့ ဆီးခုံပေါက်ပြဲဒဏ်ရာ၊ စအိုပေါက်ပြဲဒဏ်ရာတွေအပြင် ပေါင်နာကျင်ကာ ခြေခုံနှစ်ဖက်လုံး ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ပဲခူးဆေးရုံမှာ အခြေအနေ စိုးရိမ်ရပြီး အတွင်းလူနာအဖြစ် တင်ပို့ဆေးကုသခံနေရပါတယ်။ အဲဒီကားပေါ်မှာ ပါလာတဲ့ ကားစပယ်ယာ ကိုဇော်ဝင်းထွဋ်က လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့တဲ့အတွက် ပဲခူးဆေးရုံကို ပို့ဆောင်ထားပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ယာဉ်ပေါ့ဆစွာ မဆင်မခြင် မောင်းနှင်မှုကြောင့် လူများကို ထိခိုက်ဒဏ်ရာရရှိ သေဆုံးစေခဲ့သူ ယဉ်မောင်း ဝင်းနိုင်ကို ပဲခူးမြို့မရဲစခန်းက (ပ)၇၁/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က /၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့် ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး(ပဲခူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013