DVB Logo
Home
မြန်မာသတင်း
၎ နှစ်အရွယ်မိန်းခလေးငယ် မွေးရာပါ ဦးခေါင်းရောဂါကြောင့် ဆေးကုသရန်အကူအညီလိုနေ
DVB
·
August 29, 2017
၎ နှစ်အရွယ်မိန်းခလေးငယ် မွေးရာပါ ဦးခေါင်းရောဂါကြောင့် ဆေးကုသရန်အကူအညီလိုနေ
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ကွင်းကြီးအုပ်စု ပိန်းဂရက်ကြီးကျေးရွာမှ လေးနှစ်သမီးလေး မွေးရာပါရောဂါဆေးကုသရန် အခက်အခဲဖြစ်နေတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ပိန်းဂရက်ကြီးကျေးရွာနေ ဦးအောင်တင်ဝင်း၊ ဒေါ်ကြည်ကြည်ဝင်းတို့ရဲ့ အသက် ၄နှစ်အရွယ် သမီးကလေးဟာ မွေးရာပါဦးခေါင်းအတွင်း အရည်ဝင် ရောက်တဲ့ ရောဂါဝေဒနာခံစားနေရပြီး ခြေထောက်ကလေးတွေ ဖောင်းကားလာလို့ သြဂုတ် ၂၇ ရက် က ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ သွား ရောက်ပြသဖို့ရှိနေတာပါ။

မိန်းကလေးငယ်ဟာ မွေးပြီး နှစ်လအကြာမှ စတင်ကာ ဦးခေါင်းမှာ အရည်ကြည် ပျော့ကြီးဖြစ်နေပြီး ယခုအချိန်မှာတော့ မာနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

မိဘနှစ်ဦးမှာ ကလေးကို ဆက်လက် ကုသဖို့ အခက်အခဲဖြစ်နေတာကြောင့် လှူဒါန်းလိုပါက ဖုန်း- ဝ၉-၇၉၁၄၅၇၃၈၃ နှင့် ဝ၉-၄၂၃၅၇၉၆၉၂ တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013