DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်လုံခြုံရေးအပြည့်အ၀ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီ ၂၈ ပါတီ တိုက်တွန်း
DVB
·
August 29, 2017
ရခိုင်ပြည်နယ်လုံခြုံရေးအပြည့်အ၀ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီ ၂၈ ပါတီ တိုက်တွန်း
Donate to DVB

ရခိုင်တပြည်နယ်လုံးမှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံမှုအပြည့်အဝ ရရှိရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပေးဖို့ ကြံ့ခိုင်ရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၂၈ ပါတီက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ကျူးလွန်သူတွေ၊ အားပေးကူညီသူတွေ၊ ပူးပေါင်းကြံစည်ငွေကြေးထောက်ပံ့သူတွေကိုလည်း နိုင်ငံတော်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ ဖော်ထုတ် အရေးယူသွားဖို့ လိုတယ်လို့လည်းဆိုပါတယ်။

အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေနဲ့ ARSA တို့ကို အကြမ်းဖက်အုပ်စုအဖြစ်  အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာတဲ့အပေါ် ကြိုဆိုတယ်လို့   သြဂုတ် (၂၈)ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီတွေရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

မစ္စတာကိုဖီအာနန်ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို အချိန်ယူ လေ့လာသုံးသပ်ပြီး စနစ်တကျ စီမံဆောင်ရွက်ရမယ့်အစား  နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြိုဆိုတဲ့အကြောင်း  အလျင်အမြန် ကြေညာချက်ထုတ်ပြန်တဲ့အပေါ် အံ့သြဖွယ်စိုးရိမ်စရာဖြစ်တယ်လို့လည်းဆိုပါတယ်။

ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တဲ့ ပါတီတွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီ၊  အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊  ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီတို့အပြင် ရခိုင်၊ ကရင်၊မွန်၊လီဆူ၊ မြို၊ ပအိုဝ်း၊ ၀နဲ့ ဓနု စတဲ့ တိုင်းရင်းသားပါတီတွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013