DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေဖြင့် ပေးချေရန် ဆောင်ရွက်မည်
DVB
·
August 29, 2017
ပြည်တွင်းငွေပေးချေမှုအားလုံးကို  မြန်မာကျပ်ငွေဖြင့် ပေးချေရန် ဆောင်ရွက်မည်
Donate to DVB

အမေရိကန်ဒေါ်လာငွေလဲနှုန်း တည်ငြိမ်စေရေးအတွက် ပြည်တွင်းငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေနဲ့ ပေးချေရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းဒေသကြီးတွေကို အကြောင်းကြားထားတယ်လို့ သြဂုတ် ၂၈ ရက် အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။

ကရင်ပြည်နယ် မဲဆန္ဒနယ်က ဒေါ်နန်းနီနီအေးရဲ့ မြန်မာ့ငွေကြေး အားကောင်းလာစေဖို့ နယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနဲ့ တမူး စတဲ့ နယ်စပ်မြို့တွေမှာ တဘက်နိုင်ငံသုံးငွေကြေးအစား မြန်မာကျပ်ငွေသုံးစွဲရေး ဗဟိုဘဏ်က ဘယ်လို စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။

“လိုက်နာဆောင်ရွက်ခြင်းမရှိရင် မည်သို့အရေးယူဆောင်ရွက်မယ်၊ မည်သည့်ကာလကစပြီး လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်မယ် ဆိုတာတွေကို ပြည်သူလူထုကို အသိပေးပြီး ပညာပေးကာလတခုသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” လို့ ဦးဘိုဘိုငယ်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ ဗဟိုဘဏ်အနေနဲ့ Dollarization မဖြစ်စေဖို့အတွက် မူဝါဒအားဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအားလုံးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

“နိုင်ငံရဲ့ ငွေကြေးတန်ဖိုး မြင့်မားလာစေဖို့နဲ့ Dollarization မဖြစ်စေဖို့ အဓိကထားပြီး ပြည်တွင်းငွေပေးချေမှု အားလုံးကို မြန်မာကျပ်ငွေနဲ့ပဲ ပေးချေဖို့ ကိစ္စအပေါ် အရေးယူ ဆောင်ရွက်မယ့် အစီအစဉ်တွေ ချမှတ်ပြီး ပြည်သူလူထုကို ကြိုတင်အသိပေးတာ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သူတို့နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို အရေးယူဆောင်ရွက်တာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက သက်ဆိုင်ရာဒေသတွင်း အရေးယူ ဆောင်ရွက်တာတွေ စသဖြင့် ပူးပေါင်းဆောင်ရွက်တာတွေ ဆောင်ရွက်ဖို့ စီမံထားပါတယ်” လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံသုံးဘတ်ငွေကို ငွေလဲကောင်တာတွေမှာ ကျပ်ငွေနဲ့ လဲလှယ်သုံးဖို့ ခွင့်ပြုထားပြီးဖြစ်ပေမယ့် ဘတ်ငွေကို ပြည်တွင်းမှာသုံးရင် အရေးယူဆောင်ရွက်မယ့် အမိန့်တွေ ထုတ်ပြန်ပြီး ပြည်တွင်းမှာ ဘတ်ငွေသုံးစွဲရင် အရေးယူဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ တရုတ်နယ်စပ်ဒေသတွေမှာ တရုတ်ယွမ်မင်ဘီငွေကြေးနဲ့ အိန္ဒိယရူပီးငွေတွေကို ငွေလဲကောင်တာတွေမှာ တရားဝင် ဝယ်ယူရောင်းချ လဲလှယ်နိုင်ခွင့်ပြုဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ငွေလဲကောင်တာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လကုန်ပိုင်းထိ ငွေလဲကောင်တာ ၁၃၄၅ ခု ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013