
ကြက်သွန်နီ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁,၂၇၅ ကနေ ၁,၇၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၀,၄၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၄၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မြေထောက်ပဲ
မန္တလေး ကုန်စည်ဒိုင်မှာတော့ မြေထောက်ပဲက ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၉၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၅,၀၀၀ ပေါက်ဈေးရှိနေပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၂၅,၀၀၀ ကနေ ငွေကျပ် ၁၃၁,၅၀၀ ပေါက်ဈေး ရှိပါတယ်။
ဆန်ပြောင်း
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ဆန်ပြောင်းက ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၇၇၅ ရှိပါတယ်။
ပဲဇီးကွက်
ပဲဇီးကွက်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၅၀၀ ပေါက်ဈေးရှိနေပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။
ပဲနောက်စိမ်း
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ပဲနောက်စိမ်းက ၁ တင်းကို ငွေကျပ် ၂၇,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
စီပီပြောင်း
လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ငွေကျပ် ၅၄၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











