DVB Logo
Home
မြန်မာသတင်း
င၀န်မြစ်တွင် အိမ်စီးစက်လှေ တိမ်းမှောက်၊ ၁ ဦးပျောက်ဆုံးနေ
DVB
·
August 28, 2017
င၀န်မြစ်တွင် အိမ်စီးစက်လှေ တိမ်းမှောက်၊ ၁ ဦးပျောက်ဆုံးနေ
Donate to DVB

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ငဝန်မြစ်ထဲမှာ အိမ်စီးစက်လှေတစီး တိမ်းမှောက်ခဲ့ပြီး စက်လှေပေါ်ပါ လူ ၃ ဦးထဲမှ ၁ ဦးပျောက်ဆုံးနေပါတယ်။

သြဂုတ် ၂၇ ရက်နေ့ မနက် ၈ နာရီလောက်က အိမ်စီးစက်လှေတစင်း ဈေးဝယ် ကုန်တင်ပြီး ပြန်လာစဉ် အင်္ဂပူမြို့နယ် ဆုံကုန်းကျေးရွာအနီး ငဝန်မြစ်ထဲမှာ တိမ်းမှောက်ခဲ့တာပါ။

ဆုံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းက "အခု မှောက်သွားတဲ့ စက်လှေက ဟသာင်္တမြို့နယ်ထဲက ပဲကြီးကျွန်းကပါ။ အိမ်စီးစက်လှေပါ၊ ၁၆ တောင်လောက်ပဲ ရှိပါတယ်။ အဲဒီစက်လှေနဲ့ ကွင်းကောက်ကို ဈေးဝယ်ပြီး ကုန်တွေနဲ့ပြန်လာတာပါ။ ခုငဝန်မြစ်က ရေစီးသန်တယ်။ ပြီးတော့ ဝဲတွေကလည်းများနေတယ်လေ။ ခုမှောက်သွားတော့ စက်လှေမောင်းတဲ့ ကိုထွန်းထွန်းကတော့ ပျောက်ဆုံးသွားပါတယ်။ သူရဲ့သားနဲ့ဇနီးကိုတော့ ကျနော်တို့တွေ ဝိုင်းကယ်တင်နိုင်ပါတယ်။ ပျောက်ဆုံးနေတဲ့ လူကိုတော့ ဝိုင်းဝန်ရှာဖွေနေကြ ပါတယ်။ ဒါပေမယ့် ရေစီးကြမ်းနေတယ်။ တွေဖို့ မလွယ်ကူလောက်ဘူးလို "ပြောပါတယ်။

အခုလထဲမှာပဲ ဇလွန်မှာ အိမ်စီးစက်လှေတစီး တိမ်မှောက်ခဲ့လို့ လူသုံးဦး ပျောက်ဆုံးနေတာ ဒီနေ့အထိ ရှာဖွေမတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013