DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် ခိုင်ကမ်းမြို့ ဆည်ကြီးချောင်းတံတားအနီး အမျိုးသမီးအလောင်းတွေ့
DVB
·
August 28, 2017
ချင်းပြည်နယ် ခိုင်ကမ်းမြို့ ဆည်ကြီးချောင်းတံတားအနီး အမျိုးသမီးအလောင်းတွေ့
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့အနီးက ဆည်ကြီးချောင်း ကြိုးတံတားအနီး သဲပြင်မှာ သြဂုတ် ၂၇ ရက်နေ့က အမျိုးသမီးအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ခိုင်ကမ်းမြို့ မရဲစခန်းက ပြောပါတယ်။

"တပ်ဖွဲ့တွေ ကင်းလှည့်နေရင်း သတင်းအရ တွေ့ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူနဲ့ပတ်သက်တဲ့ မိသားစုတွေလည်း သိသွားပါပြီ" လို့ ခိုင်ကမ်းမြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်က ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ ခိုင်ကမ်းမြို့မှာနေထိုင်တဲ့ အသက် ၅၀ အရွယ်ရှိ ချင်းအမျိုးသမီး ဒေါ်ဖီးရှာလ် ဖြစ်တယ်လို့ သိရပြီး ဒေါ်ဖီးရှာလ် အလောင်းစစ်ဆေးရာ ဦးခေါင်းယာဘက်ထိပ်မှာ တစ်လက်မခန့်ပေါက်ပြဲ ဒဏ်ရာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဦခေါင်းပေါက်ပြဲဒဏ်ရာအပြင် တခြား ပြင်ပတစုံတရာ ဒဏ်ရာ မတွေ့ရှိရဘဲ အလောင်းကို ကာယကံမေတ္တာ လူမှုကူညီရေးအဖွဲ့က ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

အမျိုးသမီးသေဆုံးမှုနဲ့ပတ်သက်လို့ ဓမ္မတာမှန် သေဆုံးခြင်း ဟုတ် မဟုတ် ခိုင်ကမ်းရဲတပ်ဖွဲ့က သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၇ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013