DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ် ဆည်များမှ စိုက်ပျိုးရေ လုံလောက်စွာ မရရှိသဖြင့် လယ်သမားများ အခက်ကြုံ
DVB
·
August 28, 2017
ငဖဲမြို့နယ် ဆည်များမှ စိုက်ပျိုးရေ လုံလောက်စွာ မရရှိသဖြင့် လယ်သမားများ အခက်ကြုံ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပန်းထိန်း၊ မင်းဆည်ကို မှီခိုနေရတဲ့ စိုက်ပျိုးရေ မလုံလောက်တာကြောင့် ပန်းထိမ်း၊ အောင်ပင်လယ်၊ ရွာသစ်ရွာရှိ လယ်ဧက ၇၀ ခန့် စိုက်ပျိုးဖို့ အခက်ခဲ ကြုံတွေ့နေရပါတယ်။

အဲဒီဆည်ကို စစ်တော၊ ဆင်ချည်တိုင်၊ ပေါက်ရင်းကုန်း၊ ပန်းထိန်း၊ ဘိုကုန်း၊ အောင်ပင်လယ်၊ ရွာသစ်၊ ပေါင်းကလေးကျေးရွာတွေက လယ်သမားတွေ မှီခိုလုပ်ကိုင်နေကြပြီး ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့တဲ့ဆည်လည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လယ်သမား ၅၀ လောက်က ငွေကြေး စုဆောင်းပြီး ပေါင်းချောင်းကတဆင့် လက်ထိုးဆည် ပြုလုပ်ပြီး စိုက်ပျိုးရေ ရယူကြရတာကြောင့် လယ်ဧက ၇၀ လောက်ဟာ စိုက်ပျိုးခွင့်မရရှိဘဲ ပေါင်းချောင်း လက်ထိုးဆည်လေးကိုလည်း အစိုးရက အသိအမှတ်ပြု ဆောင်ရွက်ပေးစေလိုတယ်လို့ အောင်ပင်လယ်မှ လယ်သမာတဦးဖြစ်သူ ဦးပေါ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ပန်းထိန်း အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က “စိုက်ပျိုးလယ် ဧက ၅၅၀ လောက်ရှိပြီး စိုက်ပျိုးရေ လုံလောက်စွာ မရရှိတာကြောင့် အောင်ပင်လယ်ကွင်းက လယ်ဧက ၇၀ လောက် မစိုက်ပျိုးနိုင်ဘဲ လယ် ၁ ဧကကို ၁၀၀၀၀ ကျပ်နှုန်း ကောက်ခံကာ ကိုယ်ထူကိုယ်ထ ဆောင်ရွက် နေတယ်” လို့ ပြောပါတယ်။

ငဖဲမြို့နယ် ဆည်မြောင်းဦးစီးမှူး ဦးမောင်မောင်ဝင်းက “ပြီးခဲ့တဲ့ မုန်တိုင်းမတိုင်ခင်ကတည်းက ဆည်ထိပ် ထိခိုက်ကာ ရေလွှဲမြောင်းတချို့ ကမ်းပါးပြိုကျကာ ဆည်အတွင်း ရေမနေတော့တဲ့အတွက် တိုင်းဒေသကြီးအစိုးရက ထုတ်ပေးတဲ့ ဘက်ဟိုးလေးတစီးနဲ့ ပြုပြင်ဖို့ စီစဉ်နေပါတယ်။ ငဖဲလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ ဦးစန်းကြူ၊ ရေအရင်းအမြစ် ညွှန်ကြားရေးမှူး ဦးဇော်လွင်၊ ဆည်မြောင်းဦးစီးအရာရှိ ဦးမောင်မောင်ဝင်း၊ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဆည်ကော်မတီ အဖွဲ့ဝင်တွေက ကွင်းဆင်းပြီး မြစ်ချောင်းဖြိုးဌာနက တာဝန်ယူပြီး အောက်ခြေကာကွယ်ရေးအနေနဲ့ တုတ်တန်းတွေ ရိုက်နေပြီ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013