DVB Logo
Home
မြန်မာသတင်း
ထင်းဖောင်များအတွင်း တရားမဝင်ကျွန်းသစ်နှင့် အင်သစ်များ ဖမ်းမိ
DVB
·
August 28, 2017
ထင်းဖောင်များအတွင်း တရားမဝင်ကျွန်းသစ်နှင့် အင်သစ်များ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နဲ့ ကချင်ပြည်နယ်၊ ရွေကူမြို့နယ်အစပ် ကောက်ကွေ့ချောင်း အောက်နားမှာ သြဂုတ် ၂၅ ရက်နေ့က ထင်းဖောင် ၁၀ တွဲအတွင်း တရားမဝင်ကျွန်းသစ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကသာခရိုင်သစ်တော ဦးစီးဌာနက ပြောပါတယ်။

ကသာခရိုင် သစ်တောဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးသောင်းနိုင်၊ သစ်တောဝန်ထမ်းတွေ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၁၉ ရက်နေ့က ကသာမြို့နယ် နလယ်အင်းကျေးရွာအနီး ဧရာဝတီမြစ်ထဲမှာ လူ ၇ ဦးနဲ့အတူ ထင်းဖောင် ၇ တွဲမှ ကျွန်းသစ်နဲ့ အင်သစ် ၇၄၀ လုံး (၆၄ ဒသမ ၇၂၄ တန်) ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါတရားခံ ၇ ဦးကို ကသာမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး စစ်ဆေးမေးမြန်းချက်အရ သြဂုတ် ၂၅ ရက်နေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အစပ် ကောက်ကွေ့ချောင်း အောက်နား ဧရာဝတီမြစ်ထဲမှာ စုန်မျောလာတဲ့ ထင်းဖောင် ၁၀ တွဲကို စစ်ဆေးရှာဖွေရာ တရားမဝင်ကျွန်းသစ်တွေ ပါရှိနေတာကြောင့် ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါ ထင်းဖောင်တွေကို ကသာမြို့အောက်ဘက် ညောင်ခြေထောက် သစ်ဆိပ်ကို ဆွဲယူခဲ့ပြီး အင်းတော်၊ ကသာနဲ့ ထီးချိုင့်မြို့နယ်တို့က သစ်တောဝန်ထမ်းတွေကို ခေါ်ယူပူးပေါင်းပြီး  သြဂုတ် ၂၇ ရက်နေ့ထိ စစ်ဆေးရှာဖွေရာ ထင်းဖောင် ၃ တွဲထဲက တရားမဝင် ကျွန်းသစ် ၁၃၁၆ လုံး (၈၉ ဒသမ ၆၉၄ တန်) ရရှိခဲ့ပါတယ်။

သြဂုတ် ၁၉ ရက်နေ့က ကသာမြို့နယ်၊ နလယ်အင်းကျေးရွာအနီး ဧရာဝတီမြစ်ထဲက ဖမ်းမိတဲ့ ထင်းဖောင် ၇ တွဲထဲက ကျွန်းသစ်နဲ့ အင်သစ် ၇၄၀ လုံး (၆၄ ဒသမ ၇၂၄ တန်) တို့ နှစ်ရပ်ပေါင်း ၁၅၄ ဒသမ ၄၁၈ တန် ရရှိသွားပြီဖြစ်ပါတယ်။

ရှာဖွေစစ်ဆေးဖို့ ကျန်တဲ့ ထင်းဖောင် ၇ တွဲကိုလည်း ဆက်လက် စစ်ဆေးရှာဖွေသွားမယ်လို့ ကသာခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင်က ပြောပါတယ်။

သတင်း - ကိုကျော်(အင်းတော်)

ဓာတ်ပုံ-ခရိုင်သစ်တောဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013