DVB Logo
Home
မြန်မာသတင်း
နဂါးနတ်သမီး(သို့) မယ်စကြ၀ဠာမြန်မာ အကောင်းဆုံးအမျိုးသားဝတ်စုံဆုရှင် အိမ့်သက်မှူး
DVB
·
August 28, 2017
နဂါးနတ်သမီး(သို့) မယ်စကြ၀ဠာမြန်မာ အကောင်းဆုံးအမျိုးသားဝတ်စုံဆုရှင် အိမ့်သက်မှူး
1 / 4
Donate to DVB
မယ်စကြ၀ဠာမြန်မာ ၂၀၁၈ အကောင်းဆုံးအမျိုးသားဝတ်စုံဆုပြိုင်ပွဲမှာ ထူးခြားတဲ့ နဂါးမင်းသမီးဝတ်စုံနဲ့ မင်းဘူးမြို့ကိုယ်စားပြုအလှမယ် အိမ့်သက်မှူးက ဆုရရှိခဲ့ပါတယ်။
    ဒီပြိုင်ပွဲကို သြဂုတ် ၂၅ ရက်နေ့က ရန်ကုန်မြို့၊ Gandamar Grand Ballroom မှာ ကျင်းပခဲ့တာဖြစ်ပြီး တနိုင်ငံလုံးမှ သက်ဆိုင်ရာမြို့ ကိုယ်စားပြု ဆန်ကာတင်အလှမယ် ၃၀ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
    အခုဆုရရှိခဲ့တဲ့ ၀တ်စုံကိုတော့ ဒီဇိုင်နာ သဲစန္ဒီဦးက ဖန်တီးပေးထားတာဖြစ်ပြီး မင်း ဘူးမြို့ရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ ရွှံ့မီးတောင်ကို အခြေခံထားပြီး ဖန်တီးခဲ့တာပါ။
    မျက်နှာတခြမ်းကို ဇာပုဝါပါးပါးအုပ်ထားခဲ့ပြီး နဂါးမအသွင်နဲ့ အမြီးပိုင်းကိုပါ ထည့် သွင်းချုပ်လုပ်ထားတဲ့ ဒီဝတ်စုံဟာ အမြင်တမျိုး ဆန်းနေပါတယ်။
    ဒီပွဲရဲ့ လူကြိုက်အများဆုံး ၀တ်စုံဆုကိုတော့ ရန်ကုန်မြို့ ကိုယ်စားပြု အလှမယ် ခိုင်ကြည်ပြာရဲ့ မနုဿီဟ ရွှေတံခွန်နဲ့ မိန်းမပျိုဝတ်စုံက ရရှိသွားပါတယ်။
    ဒီဝတ်စုံကိုတော့ ဒီဇိုင်နာ သူရိန်လင်းက ပုံဖော်ပေးထားခဲ့တာဖြစ်ပြီး တံခွန်၊ ပန်းက နုတ်တွေပါဝင်တဲ့ မနုဿီဟရုပ်တုပုံစံ ဖန်တီးထားခဲ့တာပါ။
    မယ်စကြ၀ဠာအလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်ကတည်းက ကျင်းပ ခဲ့တာဖြစ်ပြီး ခုကျင်းပတဲ့ ပြိုင်ပွဲကတော့ ၆ ကြိမ်မြောက်ဖြစ်ပါတယ်။
    ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် မယ်စကြ၀ဠာပြိုင်ပွဲကိုတော့ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံကိုယ်စားပြုအလှမယ်တဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မယ်စကြ၀ဠာအလှမယ်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံကိုယ်စား ပြု အလှမယ် ထက်ထက်ထွန်းရဲ့ ရုပ်သေးစင်ဝတ်စုံက ဆုရရှိခဲ့ပါတယ်။
    ဒါဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးရရှိတဲ့ ဆုတဆုဖြစ်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၈၅ နိုင်ငံမှ အလှမယ်တွေကို ဖြတ်ကျော်ပြီး ခုလိုချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Aung Thet Oo (Eden)
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013