DVB Logo
Home
မြန်မာသတင်း
မိုးနှောင်းကာလ မြစ်ရေကြီးနိုင်သည့် အခြေအနေမိုးဇလခန့်မှန်းထုတ်ပြန်
DVB
·
August 28, 2017
မိုးနှောင်းကာလ မြစ်ရေကြီးနိုင်သည့် အခြေအနေမိုးဇလခန့်မှန်းထုတ်ပြန်
Donate to DVB

 

လာမယ့်မိုးနှောင်းကာလအတွင်း မြန်မာနိုင်ငံတ၀န်း မြစ်ရေမြင့်တက်နိုင်တဲ့အ‌ခြေအနေ ခန့်မှန်းချက်တွေကို   မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  ဒီကနေ့ သြဂုတ်၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

လာမယ့်စက်တင်ဘာပထမ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ သပိတ်ကျင်းမြို့တွေမှာ ၄-ပေမှ ၇-ပေခန့် မြစ်ရေမြင့်တက်နိုင်ပြီး မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တွေမှာ ၂-ပေမှ ၄-ပေခန့် မြင့်တက်လာနိုင်သလို ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ ၃-ပေ မှ ၅-ပေခန့် မြစ်ရေကျဆင်းနိုင်တယ်လို့ဆိုပါတယ်။

ချင်းတွင်းမြစ်ရေကတော့  စက်တင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့မှာ  ၆-ပေမှ ၈-ပေခန့် မြင့်တက်နိုင်ပြီး မော်လိုက်မြို့၊ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တွေမှာ  ၃-ပေမှ ၅-ပေခန့် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးနှောင်းကာလ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ  ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တွေမှာ (၁) ကြိမ်ခန့်စီ  စိုးရိမ်ရေမှတ်အသီးသီးသို့ ကျော်လွန်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

ချင်းတွင်းမြစ်ရေဟာလည်း မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့မုံရွာမှာ (၁)ကြိမ်ခန့်စီ၊ စစ်တောင်းမြစ်ရေဟာ တောင်ငူနဲ့ မဒေါက်မြို့မှာ  (၁)ကြိမ်ခန့်စီ၊ သံလွင်မြစ်ရေဟာ ဘားအံမှာ (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ  မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမှာ (၁)ကြိမ်ခန့်နဲ့  တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်  စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

လက်ရှိမြစ်ရေအခြေအနေတွေကတော့ ဒီကနေ့ မွန်းလွဲ (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမှာ (၂)ပေခန့်နဲ့ ဇလွန်မှာ (၂)ပေခွဲခန့် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ငဝန်မြစ်ရေကတော့ ငါးသိုင်းချောင်းမှာ  (၂)ပေခန့်နဲ့ သာပေါင်းမှာ ပေဝက်လောက်တက်နေသလို တိုးမြစ်ရေကတော့  မအူပင်မြို့မှာ (၁)ပေခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပါတယ်။

ဒါ့ကြောင့် ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ မအူပင်မြို့နယ်တွေအတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူးသတိပြု နေထိုင်ကြပါဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013