DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းတွင် ပရဟိတအသင်းကား တိမ်းမှောက်၊ ၄ ဦးသေ
DVB
·
August 28, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၆၁/၀ နဲ့ ၁ အကြား သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက ချောက်မြို့ကနေ နေပြည်တော်ကို လူနာပို့လာတဲ့ ဥတ္တရလူငယ် ပရဟိတအသင်းကား တိမ်းမှောက်ပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ချောက်မြို့ကနေ နေပြည်တော်ဆေးရုံကို ဆိုင်ကယ်မှောက်ပြီး ဒဏ်ရာရလူနာ လိုက်ပို့တဲ့ ဥတ္တရလူငယ် ပရဟိတအသင်းကားဟာ ယာဘက်နောက်ဘီး ကျွတ်ထွက်ပြီး ၂ ပတ်လည် တိမ်းမှောက်ခဲ့တာပါ။

ကားပေါ်လိုက်ပါသူ ၇ ဦးအနက် ယာဉ်မောင်း ကိုကျော်လင်း၊ ဦးကိုကိုလှိုင်၊ ဦးလင်းလင်းထွေးတို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ ဆိုင်ကယ်မှောက်လို့ ဒဏ်ရာရလူနာ ဦးကိုကိုလတ်က မိတ္ထီလာဆေးရုံရောက်မှ သေဆုံးသွားခဲ့တယ်၊ ကျန် ၃ ဦးကတော့ ဆေးကုသနေတယ်လို့ ပေပင်လေးအမြန် လမ်းရဲစခန်းက ပြောပါတယ်။

စခန်းမှူးရဲအုပ် ကျော်မင်းစိုးက “သတင်းရရချင်း တပ်ဖွဲ့ဝင် ၁၅ ဦး အမြန်လမ်း မီးသတ်တပ် ဖွဲ့ဝင် ၅ ဦးတို့နဲ့ သွားခဲ့တယ်၊ မောင်းလာတဲ့အရှိန်က များလွန်းတယ်၊ ညာဘက်နောက်ဘီး ကျွတ်သွားတော့ မထိန်းနိုင်တော့ဘူးပေါ့၊ ၂ ပတ်လောက် လည်သွားပြီး မှောက်တယ်။ ယာဉ်မောင်းပါ ၃ ဦးကတော့ နေရာတင် သေဆုံးတယ်။ ဦးကိုကိုလတ်ကတော့ ညောင်တုန်း ဆေးရုံကနေ မိတ္ထီလာဆေးရုံပြောင်းကုတယ်၊ မိတ္ထီလာဆေးရုံမှာ ညနေ ၅ နာရီလောက် သေဆုံးသွားတယ်။ ဦးဝင်းကိုက မိတ္ထီလာ ဆေးရုံ ဦးအောင်မိုးနဲ့ခက်ကိုကိုက ညောင်တုန်း ဆေးရုံမှာ ဆေးကုနေပါတယ်၊ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

ပေပင်လေး အမြန်လမ်းရဲစခန်းက ယာဉ်မောင်း ကျော်လင်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ပြင်းထန် ဒဏ်ရာရစေမှု ရာဇသတ်ကြီး ပုဒ်မ-၃၀၄(က)/၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013