DVB Logo
Home
မြန်မာသတင်း
မြိုင်​ကြီးငူ စစ်​​​​ဘေးရှောင်​စခန်းက ပြည်​သူ​များ စား​သောက်​​ရေး​ အခက်ကြုံ
DVB
·
August 27, 2017
မြိုင်​ကြီးငူ စစ်​​​​ဘေးရှောင်​စခန်းက ပြည်​သူ​များ စား​သောက်​​ရေး​ အခက်ကြုံ
1 / 5
Donate to DVB

 

မြိုင်ကြီးငူဒေသမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ စစ်ဘးရှောင် ပြည်သူတွေဟာ စားသောက်ရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ စစ်ဘေးရှောင် စခန်း အုပ်ချုပ်ရေးမှူး ဦးစောဆွေထွန်းက “စားဝတ်နေရေးအတွက် ဆန်ပဲရှိတယ်။ စားဝတ်နေရေးကို ဆရာတော်အောက်က လူကြီးတွေကို ပြောပြရတယ်။ အရင်တုန်းက ဌာနဆိုင်ရာဘက်ကတော့ ရှိတယ်။ အခုတလော သိပ်ပြီးတော့ မရှိဘူး။ အဖွဲ့အစည်းလောက်ပဲ လာတယ်။ လောလောဆယ်တော့ အခက်အခဲတွေအများကြီး ရှိတယ်။ ကျန်းမာရေးကတော့ ဒီမှာဆေးခန်းရှိတယ်။ မတတ်နိုင်ရင်တော့ ဆေးရုံသွားတယ်။” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေးအတွက် မြိုင်ကြီးငူ ဆရာတော်ဆောင်ရွက်နေတဲ့ သာသနာပြုလမ်းလုပ်ငန်းတွေ၊ ဘုရားတည်ခြင်းလုပ်ငန်းတွေမှာ လုပ်အားဒါနပြု ဆောင်ရွက်ပေးနေပြီး ရေရှည် ဘဝရပ်တည်ရေးအတွက် အခက်အခဲတွေရှိနေကြောင်း၊ လက်ရှိ စားသောက်ရေးအတွက် လာရောက် ကူညီလှူဒါန်းမှုတွေလည်း မရှိသလာက်ပဲလို့ သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို မဲသဝေါဒေသမှ ဒေသခံတိုင်းရင်းသားတွေ လာရောက်ခိုလှုံနေကြပါတယ်။ အေးလင်းမြတ်ရှင် စခန်းမှာ အိမ်ခြေ ၇၂၆ လုံး၊ ကျား ၁၉၂၆ ဦး၊ မ ၁၉၁၉ ဦး၊ စုစုပေါင်း ၃၈၄၅ ဦး ရှိပြီး၊ မြတ်ပန်းဝတ်မှုံ စခန်းမှာ အိမ်ခြေ ၂၈၁ လုံး၊ ကျား ၈၄၁ ဦး၊ မ ၈၄၀ ဦး၊ စုစုပေါင်း ၁၆၈၁ ဦး လာရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေးအတွက် စီမံဆောင်ရွက်ပေးမှု အခြေအနေကို သိရှိဖို့ လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ ဖုန်းစက်ပိတ်ထားတဲ့အတွက် မေးမြန်းခွင့်မရရှိခဲ့ပါဘူး။

ရဲမင်းခေါင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013