DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် လူထောင်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ၀င်ရောက်ရန် ကြိုးစား (ရုပ်သံ)
DVB
·
August 27, 2017
တိုက်ပွဲကြောင့် လူထောင်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ၀င်ရောက်ရန် ကြိုးစား (ရုပ်သံ)
Donate to DVB

by dvburma

ရခိုင်ပြည်နယ် အနောက်မြောက်ဘက်မှာ လက်တလောဖြစ်တဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ၀င်ရောက်ဖို့ ကြိုးစားနေကြကြောင်း ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအရာရှိတွေက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို နယ်မြေပိုင်းခြားထားတဲ့ နက်ဖ်မြစ်ကို ရိုဟင်ဂျာ ၃၀၀၀ လောက် သြဂတ်လ ၂၆ ရက်နေ့မှာ ရောက်ရှိလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်မှူး မန်ဇူရူဟက်ဆန်ခန်က ပြောကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။

မြန်မာဘက်ခြမ်းက သေနတ်ပစ်ခတ်သံတွေ ကြားနေရပြီး နယ်စပ်ရွာ တခုဖြစ်တဲ့ ဂမ်ဒ်ဟမ်ရွာနားက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ရိုဟင်ဂျာတွေ ဖြတ်ကျော်နေတာကို ရိုက်တာသတင်းထောက်တွေက မြင်တွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ချုံပုတ်တွေထဲ ပုန်းအောင်းနေကြသူတွေနဲ့ ရွှံ့တွေထဲ ဆောင့်ကြောင့်ထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို နယ်စပ်လုံခြုံရေးတပ်က မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက လက်နက် ကိုင်ဆောင်ခြင်း မရှိတဲ့သူ ထောင်ပေါင်းများစွာ တိုင်းပြည်ထဲ ဝင်ဖို့ နယ်စပ်နား စုဝေးနေတာက စိုးရိမ်ဖွယ်ရာပဲလို့  သြဂုတ် ၂၆ ရက်နေ့က ပြောလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013