DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် ပရဟိတအဖွဲ့နှင့် မြို့တော်စည်ပင် ပူးပေါင်း အမှိုက်ကောက်
DVB
·
August 27, 2017
ရန်ကုန်မြို့တွင် ပရဟိတအဖွဲ့နှင့် မြို့တော်စည်ပင် ပူးပေါင်း အမှိုက်ကောက်
1 / 5
Donate to DVB

 

မင်္ဂလာပါပရဟိတအဖွဲ့နဲ့ မြို့တော့်စည်ပင်သာယာအဖွဲ့တွေ ပူးပေါင်းပြီး clean yangon လှုပ်ရှားမှု မြို့တော်သန့်ရှင်းသာယာလှပဖို့အတွက် စုပေါင်း အမှိုက်ကောက်ကြတာ ၄ ကြိမ် မြောက်ရှိပြီ ဖြစ်ပါတယ်။

သြဂုတ်လ ၂၇ ရက် ညနေ ၃ နာရီ ကနေ ၅ နာရီအထိ လူငယ်တွေအများစုပါဝင်တဲ့ ပရဟိတအဖွဲ့ ၄၀ နီးပါးကနေ တက္ကသိုလ်ရိပ်သာလမ်း လှည်းတန်းလမ်း ပြည်လမ်း အင်းစိန်လမ်း တို့တွေမှာ စုပေါင်းအမှိုက်ကောက်ပြီး ပြည်သူအသိပညာပေးလုပ်ငန်းတွေကို လှုပ်ရှားမှုတခု အနေနဲ့ ပြုလုပ်နေကြပါတယ်။

လှိုင်နဲ့ ကမာရွတ်မြို့နယ်က ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ စည်ပင်တာဝန်ရှိသူ တယောက်ကတော့ “ဒီလို လူငယ်တွေအမှိုက်ကောက်တာ ပြည်သူအသိပညာပေးလုပ်တာ အလှပြရုံလုပ်တာမဟုတ်ဘဲ လူငယ်တွေအခုလို လုပ်လာတဲ့အတွက် အရင်ကထက် သိသိသာသာ အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်တာတွေ နည်းလာတယ်"လို့ ဆိုပါတယ်။

လက်ရှိမှာ လှိုင်နဲ့ ကမာရွတ် ၂ မြို့နယ် မှာ တနေ့ကို အမှိုက်တန်ချိန် ၅၀ ကနေ ၉၀ အထိ စွန့်ပစ်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်

ဒီ clean yangonရဲ့ လှုပ်ရှားမှု အမှိုက်စုပေါင်းကောက်ပြီး ပြည်သူအသိပညာပေးမှုတွေကို ၂၀၁၇ ဇွန်လကစပြီး လစဉ် ၁ လ တကြိမ်ပြုလာခဲ့တာ ဖြစ်ပါတယ်။

လူငယ်တွေလိုက်ကောက်လို့ ရရှိလာတဲ့အမှိုက်တွေကို စည်ပင်ကနေ သယ်ယူပြီး ထိန်ပင်မြို့နယ် အမှိုက်ပုံကို သွားရောက်စွန့်ပစ်တယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013