DVB Logo
Home
မြန်မာသတင်း
မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် H1N1 ရောဂါပိုးတွေ့လူနာ ၂ ဦးကို ကုသပေးနေ
DVB
·
August 27, 2017
မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် H1N1 ရောဂါပိုးတွေ့လူနာ ၂ ဦးကို ကုသပေးနေ
Donate to DVB

မြိတ်ပြည်သူ့ဆေးရုံကြီးမှာ H1N1 ရောဂါပိုးတွေ့ အမျိုးသမီးလူနာ ၂ ယောက်ကို ကုသ

ပေးနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အဖျားရောဂါ ကွင်းဆင်းစစ်ဆေးကုသရာမှာ သံသယလူနာ ၇ ယောက်ကို သွေးအမြန်စစ်ပစ္စည်း RDT နဲ့ စစ်ဆေးတဲ့အခါ Influenza A positive တွေ့ရှိခဲ့တာပါ။

တွေ့ရှိတဲ့လူနာနှစ်ယောက်ဟာ အသက် ၃၃ နှစ်အရွယ်နဲ့ အသက် ၉ နှစ်အရွယ် အမျိုးသမီးတွေဖြစ်ပြီး သက်သာနေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက ပြောပါတယ်။

“သြဂုတ်လ ၂၃ ရက်နေ့မှာ ဆေးရုံကြီးကိုခေါ်ယူလာတယ်။ ရန်ုကုန်ကို သွေးနမူနာ ပို့ပြီး စစ်ခိုင်း လိုက်တော့ Positive ဖြစ်ကြောင်း သြဂုတ်လ ၂၅ ရက်နေ့မှာ အဖြေရခဲ့တာပါ ဖြစ်ပါတယ်။ အခု ကူးစက်ရောဂါ ကြပ်မတ်ကုသဆောင်မှာ ကုသပေးထားပါတယ် လက်ရှိအနေထားမှာတော့ ကျန်းမာရေးကောင်းမွန်နေလို့ လာမယ့် ၂ ရက်လောက်ဆိုရင်ဆေးရုံက ဆင်းနိုင်မယ့် အနေထားပါ” လို့ ပြောပါတယ်။

ပိုးတွေ့ လူနာ ၂ ယောက်ဟာ ကျွန်းစုမြို့နယ်၊ ကမ်းမီးစပ်ကျေးရွာနဲ့ မြိတ်တောင် ကျေးရွာအုပ်စု၊ အင်္ဂမော်ရပ်ကွက်နေထိုင်သူတွေဖြစ်ပါတယ်။

ထားဝယ်မှာ ဖြစ်ခဲ့တဲ့ ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကူးစက်မလာဖို့ မြိတ်မှာ ကာကွယ်တာတွေ လုပ်ခဲ့ပြီး ထားဝယ်မှာ ရောဂါကင်းရှင်းတဲ့ အချိန်မှာ အခုလို H1N1 ရောဂါပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013