DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့မှ ဝန်ထမ်းများနှင့် ပြည်သူ ၅၀၀ ခန့် စစ်တွေမြို့သို့ တိမ်းရှောင်
DVB
·
August 27, 2017
ဘူးသီးတောင်မြို့မှ ဝန်ထမ်းများနှင့် ပြည်သူ ၅၀၀ ခန့် စစ်တွေမြို့သို့ တိမ်းရှောင်
Donate to DVB

အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာကြောင့် ဘူးသီးတောင်မြို့မှ အစိုးရ ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ ပြည်သူ ၅၀၀ လောက် စစ်တွေမြို့သို့ သြဂုတ်လ ၂၆ ရက် မနက်ပိုင်း က တိမ်းရှောင်ထွက်ခွာသွားကြပါတယ်။

ဘူးသီးတောင်မြို့ပေါ်ကို ရောက်ရှိနေကြတဲ့ ကျေးလက်တွေမှာ တာဝန်ကျနေတဲ့ ဒေသခံမဟုတ်တဲ့ ပညာရေးဝန်ထမ်းအများစုဖြစ်ပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်သူတွေ စစ်တွေမြို့ကို ထွက်ခွာကြတာပါ။

“ကျနော့် ရွှေပြည်တန်ယာဉ်မှာ ခရီးသည် ၂၉၀ လောက်ပါသွားပါတယ်၊ ပုံမှန်ဆို ၂၆၀ ပဲ တင်တာ၊ အခုက အခြေအနေအရ ၃၀ လောက်အပိုတင်ပေးလိုက်ရတာ။ ဆရာဆရာမတွေ ၀န်ထမ်းတွေများတယ၊ ပုံမှန် ခရီးသည်ကနည်းတယ်၊ အစိုးရသင်္ဘောမှာလည်း ၂၀၀ လောက်ပါတာမြင်ရတယ်” လို့ ရွှေပြည်တန် အမြန်ရေယာဉ်ကုမ္ပဏီကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီး ဘူးသီးတောင်နဲ့ မောင်တောလမ်းကို ပိတ်ထားတဲ့အတွက် မောင်တောမြို့က ထွက်မလာနိုင်သေးသူတွေ ရှိနေပြီး မောင်တော ဘူးသီးတောင်လမ်း ပြန်ဖွင့်တဲ့အခါ တိမ်းရှောင်သူဦးရေပိုများလာနိုင်တဲ့အတွက် ရေကြောင်းက ပို့ဆောင်နိုင်ဖို့ ကူညီမယ်လို့လည်း သူက ပြောပါတယ်။

မောင်တောခရိုင်ထဲမှာ ဘူးသီးတောင်နဲ့ မောင်တော ၂ မြို့ရှိပြီး စစ်တွေမြို့ကို ဆက်သွယ်နိုင်ဖို့ ရေကြောင်း ခရီးစဉ်တစ်မျိုးတည်းကိုပဲ အားထားနေရတာပါ။

နယ်ဝေးက လာရောက်တာဝန်ထမ်းဆောင်သူ ပညာရေးဝန်ထမ်း နှစ်ထောင်နီးပါးရှိပြီး ၂၅ ရက်နေ့ တိုက်ခိုက်မှုကြောင့် ကျောင်းတွေ ပိတ်လိုက်ရတဲ့အတွက် မြို့ပေါ်ကို ပြန်လာနိုင်ကြဖို့ ကျေးရွာတွေက စုရပ်တွေမှာ စောင့်ဆိုင်းနေသူ ၀န်ထမ်းတွေလည်း တထောင်လောက် ရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ-ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013