Home
မြန်မာသတင်း
မောင်တောအကြမ်းဖက်ခံရမှုများကြောင့် စစ်တွေတွင် လုံခြုံရေးတိုးမြှင့်ချထား
DVB
·
August 26, 2017
mgtaw4
မောင်တောမြို့နယ်မှာ ဘင်္ဂါလီအကြမ်းဖက်သမားတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲစခန်းတွေ ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီးတဲ့နောက် ပဋိပက္ခတွေ မကူးစက်စေဖို့ စစ်တွေမှာ လုံခြုံရေးတိုးမြှင့် ချထားတယ်လို့ ပြည်နယ်ရဲမှူးကြီး စိန်လွင်က ဒီဗွီဘီကိုပြောပါတယ်။ “စစ်တွေမြို့အခြေအနေကတော့ ကောင်းပါတယ်။ တဖက်နဲ့တဖက် ထိပ်တိုက်ပဋိက္ခမဖြစ်ဖို့ကို လုံခြုံရေးကို နေရောညပါ ချပေးထားပါတယ်။ တိုင်းရင်းသားတွေဘက်ကလည်း နဂိုကတည်းက တဖက်နဲ့တဖက် ပဋိက္ခမဖြစ်ရအောင် ရဲအင်အားတွေ တိုးမြင့်ချထားတယ်။ လုံခြုံရေးအတိအကျကိုတော့ ပြောလို့မရဘူး"လို့ ဒီဗွီဘီကိုပြောပါတယ်။ ဘင်္ဂါလီဒုက္ခသည်စခန်းတွေဖြစ်ကြတဲ့ ဓားပိုင်း-သဲချောင်း၊ သက်ကယ်ပြင်-အုန်းတော စတဲ့ စခန်းတို့မှာ လုံးခြုံရေးတပ်ဖွဲ့ဝင်တွေအပြည့်နဲ့ နေရောညပါ တိုးမြှင့်ချပေးထားတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ စစ်တွေရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးသန်းထွန်းက “စစ်တွေမြို့ လုံခြုံရေးအခြေအနေကတော့ သိပ်အားနည်းတယ်လို့ မမြင်ပါဘူး။ လုံခြုရေးရှိနေလို့ပဲ ကျနော်ပြောချင်ပါတယ်။ ပဋိပက္ခတွေ ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာ ရခိုင်လူမျိုးတွေနဲ့ မဆိုင်တော့ဘူး။ ဘဂါင်္လီတွေအနေနဲ့ ဘာလုပ်နေတယ်ဆိုတာပဲ ဆိုင်ပါတယ်”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ သြဂုတ် ၂၅ ရက်နေ့ မနက် အစောပိုင်းကစပြီး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာန အရာထမ်း ၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ မောင်တော်ခရိုင်မှာ ၆ နာရီမှ နောက်တနေ့ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပါတယ်။ သတင်း- ဓာတ်ပုံ- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024