DVB Logo
Home
မြန်မာသတင်း
ထန်းတပင်တွင် လယ်ယာမြေကိစ္စ စကားများရာမှ အမျိုးသမီး ၁ ဦး အသတ်ခံရ
DVB
·
August 26, 2017
ထန်းတပင်တွင် လယ်ယာမြေကိစ္စ စကားများရာမှ အမျိုးသမီး ၁ ဦး အသတ်ခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့မရဲတပ်ဖွဲစခန်းအပိုင်မှာ သြဂုတ် ၂၅  ရက် မနက် ၁၁ နာရီခွဲအချိန်လောက်က လယ်ယာမြေကိစ္စနဲ့ စကားများရန်ဖြစ်ရာမှ ဓားနဲ့ ခုတ်မှု တခု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ထန်းတပင်မြို့မရဲတပ်ဖွဲစခန်းက ပြောပါတယ်။

ထန်းတပင်မြို့မ ရဲတပ်ဖွဲစခန်းအပိုင် ချောင်းဝကျေးရွာအုပ်စု ကရင်နီကုန်းကျေးရွာမှာ နေထိုင်တဲ့ ဒေါ်နော်ဂရီနာဖောဟာ လယ်ကန်သင်းရိုးမှာ မြက်ရိတ်နေစဉ် ဖိုးကျော် ရောက်ရှိလာပြီး လယ်ယာမြေကိစ္စအတွက် စကားများကြရာ ဖိုးကျော်က အသင့်ပါလာတဲ့ ကိုင်းခုတ်ဓားမနဲ့ ခုတ်လိုက်ရာ ဒေါ်နော်ဂရိနာဖော မှာ လည်ကုတ် ပြတ်ရှဒဏ်ရာတချက် ရရှိကာ လယ်ကွက်ထဲ လဲကျပြီး အခင်ဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ အဆိုပါစခန်းက ပြောပါတယ်။

“ဖြစ်တာကတော့ လယ်ထဲမှာပါဗျ၊ သေဆုံးသူအမျိုးသမီးက အဲဒီလယ်မြေကိုပုံစံ-၇ ရရှိထားတယ်လို့ သိရတယ်၊ အဲလယ်ကင်းရိုးမှာ မြက်ရိတ်နေတုန်း သတ်တဲ့သူပေါ့ ဖိုးကျော်ဆိုတဲ့ သူကရောက်လာပြီး စကားများကြတယ်၊ အဲလယ်ကလည်း အငြင်းပွားနေတာလို့ သိရတယ်၊ ဖိုးကျော်တို့ဘက်ကလည်း မိသားစုပိုင်မြေဆိုတဲ့သဘော အဲလိုငြင်းကြရင်း စကားများပြီး အသတ်ခံရတာ၊ အသတ်ခံရတဲ့ သူက ဖိုးကျော်နားကိုသွားပြီး ပြောနေတဲ့အချိန်မှာ ဖိုးကျော်က အသင့်ပါလာတဲ့ ကိုင်းခုတ်ဓားနဲ့ ခုတ်လိုက်တယ်၊ သေဆုံးသူကို လည်ပင်းက တော်တော်နက်သွားတယ်၊ ဓားဒဏ်ရာက။  ကျနော်တို့ ရောက်တဲ့အချိန်မှာ လယ်ကွက်ထဲမှာ သေဆုံးနေပါပြီ။ ပြစ်မှုကျူးလွန်သူက သူအမျိုးတွေရှိတဲ့ဆီကို ထွက်ပြေးသွားတုန်း လမ်းမှာ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးပြီး သက်သေခံပစ္စည်းသိမ်းတာတွေ လုပ်ပါတယ်၊ သတ်တဲ့ဓားကိုလည်း လမ်းကခြုံပုတ်ထဲ ပစ်ချထားခဲ့တယ်၊ အဲဒါလည်း ပြန်ရှာတွေ့ပါတယ်” လို့ ထန်းတပင်မြို့မ ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ထန်းတပင်မြို့မရဲတပ်ဖွဲ့စခန်းက ဖိုးကျော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂ နဲ့ ဖမ်းဆီးအရေးယူ ထားတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013