DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ကြက်သား၊ ကြက်ဥ၊ ငုံးဥ ဈေးရောင်းပွဲတော် ကျင်းပ
DVB
·
August 26, 2017
မုံရွာမြို့တွင် ကြက်သား၊ ကြက်ဥ၊ ငုံးဥ ဈေးရောင်းပွဲတော် ကျင်းပ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်က ဦးဆောင်ကာ ကြက်သား၊ ကြက်ဥ၊ ငုံးဥ FARMER ဈေးရောင်းပွဲကို မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ သံလမ်းအနောက်ဘက်မှာ ဒီကနေ့ ပြုလုပ်ပါတယ်။

ဈေးရောင်းချိန်ကို မနက် ၈ နာရီကနေ ည ၈ နာရီထိ ရောင်းချပေးမှာဖြစ်ပြီး မုံရွာမြို့ရှိ ကြက်၊ ငုံး မွေးမြူရေးသမားတွေက သူတို့ခြံထွက် ကြက်သား၊ ကြက်ဥ၊ ငုံးဥတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါတယ်။

ရောင်းနိုင်တဲ့ ဈေးနှုန်းနဲ့ရောင်းတာဖြစ်ပြီး အရှုံးခံပြီး ရောင်းတာမဟုတ်ဘူလို့ ဆိုပါတယ်။

ကြက်အမွေးနုတ်ပြီး ၁ ပိဿာကို ၂၅၀၀ ကျပ်၊ ကြက် အူကလီစာနုတ်ပြီး ၁ ပိဿာကို ၃၀၀၀ ကျပ်၊ ကြက်ဥ ၁၀၀၀ ဖိုးကို အလုံးအရွယ်အစားပေါ်မူတည်ပြီး ၁၂ လုံး၊ ၁၃ လုံး၊ ၁၆ လုံးနဲ့ ရောင်းချနေသလို ငုံးဥ ၅၀၀ ကျပ်ဖိုးကိုလည်း အလုံးရေ ၃၀၊ ၄၀ စသဖြင့် ရောင်းချပေးနေပါတယ်။

ခုတလော ကြက်သား၊ ကြက်ဥဈေးတွေ အနည်းငယ်ရောင်းအားကျဆင်းလာတဲ့အတွက် ခုလို အရောင်းမြှင့်တင်ပွဲလုပ်တာဖြစ်သလို ရာသီတုပ်ကွေးရောဂါ A(H1N1) နဲ့ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 က သက်ဆိုင်မှုမရှိဘူးဆိုတာကို ပြသတဲ့အနေနဲ့ ရောင်းချရတာဖြစ်တယ်လို့ ပွဲစီစဉ်သူတဦးက ပြောပါတယ်။ ဈေးရောင်းပွဲကို မနက်ဖြန်အထိ ပြုလုပ်သွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013