DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် နေ့ခင်းကြောင်တောင် အိမ်ထဲဝင် အနုကြမ်းစီးသူအား ဖမ်းမိပြီ
DVB
·
August 26, 2017
မိုးညှင်းတွင် နေ့ခင်းကြောင်တောင် အိမ်ထဲဝင် အနုကြမ်းစီးသူအား ဖမ်းမိပြီ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်တကွင်းကျေးရွာမှာ အမျိုးသမီးတဦးဆီကနေ ရိုက်နှက်ငွေတောင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူအား သြဂုတ် ၂၅ ရက် ညက ဖမ်းမိပြီလို့ ရဲက ပြောပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်တကွင်းကျေးရွာမှာ သြဂုတ် ၂၄ ရက် မွန်းလွဲ ၂ နာရီ ခွဲလောက်က နေအိမ်အတွင်းဝင်ရောက်ပြီး အမျိုးသမီးတဦးဆီက ရိုက်နှက် ငွေတောင်းမှုဖြစ်ပွားခဲ့တာပါ။

ဖြစ်ပွားပုံမှာ တရားလိုဟာ နေအိမ်မှာ ရှိနေစဉ် ရပ်ကွက် ၁၂ နေ အမဖြစ်သူ ဒေါ်မထားအား တရွာတည်းနေ အောင်ဘိုဆိုသူက ဒေါ်မထားရဲ့ နေအိမ်အတွင်း ဝင်ရောက်ပြီး ပိုက်ဆံချေးတာကို မပေးလို့ ကျောက်ခဲနဲ့ ဦးခေါင်းကို ထုရိုက်တာကြောင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေ ရရှိပြီး ဟိုပင်ဆေးရုံကို တင်ပို့ခဲ့ရတာပါ။

“အိမ်ရှေ့ခန်းမှာ အောင်ဘိုက ကျမကိုဖိချုပ်ထားပြီး ပိုက်ဆံ ဘယ်မှာထားလဲ၊ ပိုက်ဆံဘယ်မှာထားလဲ မေးမေးပြီး ခေါင်းကို ကျောက်ခဲနဲ့ထုတော့၊ ကျမက ပိုက်ဆံ အခန်းထဲက ဗီရို ပေါ်မှာလို့ ပြောတဲ့အခါ ကျမကိုအခန်းထဲဆွဲဝင်သွားပြီး ဗီရိုပေါ် ပိုက်ဆံသူရှာနေတဲ့အချိန် ပြတင်းပေါက်ကနေ ကျမခုန်ချပြီး အော်ဟစ်အကူတောင်းတော့မှ သူထွက်ပြေးသွားတာပါ” လို့ ဒေါ်မထားက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တရားခံဖို့ နယ်ထိန်းတွေနဲ့ ပူးပေါင်း ရှာဖွေဖမ်းဆီးခဲ့ရတယ်လို့ ဟိုပင်စခန်းမှူးက ပြောပါတယ်။

အောင်ဘိုကို ဟိုပင်နယ်မြေရဲစခန်းက (ပ)၂၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၂/၃၂၅ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013