DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ၀န်ထမ်းများနှင့်ဒေသခံများကို လုံခြုံသည့်နေရာ ပြောင်းရွှေ့ကယ်ထုတ်
DVB
·
August 26, 2017
မောင်တောတွင် ၀န်ထမ်းများနှင့်ဒေသခံများကို လုံခြုံသည့်နေရာ ပြောင်းရွှေ့ကယ်ထုတ်
Donate to DVB

မောင်တောမြို့နယ် ခမောင်းဆိပ်၊ တောင်ပြိုလက်ဝဲနှင့် မြင်းလွတ်မြို့တို့ရှိ ဝန်ထမ်းတွေနဲ့ ဒေသခံတွေကို လုံခြုံတဲ့ နေရာတွေကို ပြောင်းရွှေ့ကယ်ထုတ်ပေးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်၊ တောင်ပြို လက်ဝဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း ၁၁ ဦး နဲ့ မိသားစုဝင် ၅ ဦး ၊ နတလဝန်ထမ်း ၁ ဦးနဲ့ မိသားစုဝင် ၇ ဦး၊ လမ်းဦးစီး ဝန်ထမ်း ၂ ဦး တို့အား နယ်ခြားစောင့် ရဲတပ်ရင်း နယ်မြေ (၁) ရဲစခန်း၊ မြင်းလွတ်မြို့ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း ၁၇ ဦးအား မောင်တော မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးနဲ့ ပညာရေးဝန်ထမ်း ၁၂ ဦး အား နယ်ခြားစောင့်ရဲ မောရဝတီစခန်းတွေ အသီးသီးကို ခေတ္တပြောင်းရွှေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ခမောင်းဆိပ်မြို့ရှိ ထွေ/အုပ်ဝန်ထမ်း ၆ ဦး၊ ပညာရေး ဝန်ထမ်း ၁ဝ ဦးတို့ဟာ မင်းခမောင်း တိုင်းရင်းသားကျေးရွာမှာ သွားရောက် ပူးပေါင်းနေထိုင်နေလို့ အဆိုပါ ဝန်ထမ်း ၁၆ ဦးအား လုံခြုံ ရေးရှိတဲ့ နေရာကို ပြောင်းရွှေ့ ကယ်ထုတ်နိုင်ရေး စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင် ပရဟိတကျောင်းမှ ကလေးတွေ၊ အမျိုးသမီးတွေ၊ ရွာသားတွေ စုစုပေါင်း ၄ဝဝ ကျော်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘေးကင်းလုံခြုံတဲ့ တောင်ပြို အထက်တန်းကျောင်းကို ပြောင်းရွှေ့နေရာချထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဘူးသီး တောင်မြို့ရှိ သာသနာ့ဗိမာန်ကြီးကိုလည်း အောင်ဗလကျေးရွာမှ ရွာသူ ရွာသား ၁၅ဝ ခေတ္တရောက်ရှိ နေထိုင်လျက်ရှိနေကြောင်း သိရပါတယ်။

တောင်ဘဇာကျေးရွာနဲ့ ပီရွက်ကျေးရွာမှ ရွာသူရွာသားတွေကို ဌာနဆိုင်ရာတွေကို နယ်မြေခံတပ်ရင်းကို ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ မောင်တောဒေသအတွင်းရှိ ကျေးရွာတွေမှာ ပြည်သူတွေ ဘေးကင်းလုံခြုံတဲ့နေရာတွေကို ဆက်လက်ပြောင်းရွှေ့ပေးနေပြီး နယ်မြေစိုးမိုးနိုင်ရေး ရှင်းလင်းဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013