DVB Logo
Home
မြန်မာသတင်း
၈၈ အရေးတော်ပုံနောက်ခံ ဇာတိမြေရုပ်ရှင်ဇာတ်ကား တိုကျိုတွင် သတင်းစာရှင်းပွဲလုပ်
DVB
·
August 26, 2017
၈၈ အရေးတော်ပုံနောက်ခံ ဇာတိမြေရုပ်ရှင်ဇာတ်ကား တိုကျိုတွင် သတင်းစာရှင်းပွဲလုပ်
Donate to DVB

ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ၈၈ အရေးတော်ပုံ နောက်ခံ ဂျပန်ရောက် မြန်မာတွေအကြောင်း ရိုက်ကူးမယ့် ဇာတိမြေ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း ရှင်းလင်းပွဲကို သြဂုတ် ၂၅ ရက်နေ့က ဂျပနိုင်ငံ တိုကျိုမြို့ ရှီဘူယမှာ ကျင်းပခဲ့ပါတယ်။

ဇာတိမြေရုပ်ရှင် ဇာတ်ကားကို မြန်မာနိုင်ငံမှ MNTV နဲ့ ဂျပန်နိုင်ငံက JIB Inc တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့အတူ ဂျပန် ဒါရိုက်တာတွေက ရိုက်ကူးကာ ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည်နဲ့ အခြားအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

“၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး အဖမ်းအဆီးတွေကြောင့် ဂျပန်နိုင်ငံကို တိမ်းရှောင်လာသူ ရန်ကုန်စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား စိုင်းမိုင်ဆွန်းရဲ့ ဖြစ်ရပ်မှန်အပေါ် ဇာတ်တည်ထားတာဖြစ်ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ် ရုန်းကန်လှုပ်ရှားနေထိုင်မှု ဘဝတွေကိုလည်း တွေ့မြင်ရကြမယ်” လို့ ဒါရိုက်တာကြည်ဖြူသျှင်က ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

MNTV ရဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောက်ဝ်ဆိုင်ကတော့ “ဒီဇာတ်လမ်းက နည်းနည်း ထူးခြားတော့ အစက မြန်မာရော ဂျပန်ပါ ခွင့်ပြုမယ်မထင်ဘူး။ ဇာတ်လမ်းအကြမ်းကို ဂျပန်ဘက် ချပေးခဲ့ပြီး ဇာတ်ညွှန်းကိုတော့ အားလုံး ဝိုင်းစဉ်စားခဲ့တယ်။ ဇာတိမြေကို ဂျပန်ရော မြန်မာရော အားလုံး သဘောကျ နှစ်ခြိုက်ကြမယ် ထင်ပါတယ်”လို့ ဆိုပါတယ်။

အကယ်ဒမီဝတ်မူံရွှေရည်ကတော့ “ငယ်ငယ်ကတည်းက ဂျပန်နိုင်ငံ ဂျပန်လူမျိုးတွေကို စိတ်ဝင်စား ချစ်ခင်ခဲ့လို့ အခုလို ဂျပန်မှာ ဂျပန်တယောက်လို သရုပ်ဆောင်ရမှာမို့ အရမ်းစိတ်လှုပ်ရှားမိတယ်”လို့ ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

မြန်မာလူမျိုး ဂျပန်နိုင်ငံက အဆိုတော် သရုပ်ဆောင် မိုရီဆာကီဝင်းကတော့ သူ့အနေနဲ့ ဂျပန်-မြန်မာ နှစ်နိုင်ငံကြား အနုပညာနဲ့ ပေါင်းကူးတံတားလေးအဖြစ် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အောင်ရဲလင်းကတော့ နိုင်ငံတကာမှာ ပညာသင်ရင်း ကြိုးစားနေကြတဲ့ မြန်မာလူငယ်တွေကို ကိုယ်စားပြု လက်ရှိအခြေအနေကို မီးမောင်းထိုးပြရမှာမို့ ဒီဇတ်ကားကို ကိုယ်တိုင်လည်း နှစ်ခြိုက် ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇာတိမြေ ဇာတ်ကားကို မြန်မာအစိုးရပိုင်းနဲ့ ဂျပန်ဝန်ကြီးဌာနများရဲ့ ခွင့်ပြုချက်ရပြီး ရိုက်ကူးမှာဖြစ်ပြီး ဂျပန်မှာ မြန်မာတွေ အများဆုံးနေထိုင်တဲ့ တခဒနော့ဘဘမြို့မှာ အဓိကထား ရိုက်ကူးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013